ခ်က္သမၼတ ႏိုင္ငံမွာ ေက်ာက္မီးေသြးတြင္း ေပါက္ကြဲ၊ ၁၃ ဦး ေသ

0
336

ခ်က္သမၼတ ႏိုင္ငံမွာ ေက်ာက္မီးေသြးတြင္း တစ္ခုမွ မီသိမ္းဓာတ္ေငြ႔ ေပါက္ကြဲလို႔ အနည္းဆံုး ၁၃ ဦး ေသဆံုးၿပီး ၁၀ ဦးေက်ာ္ ဒဏ္ရာရသြားပါတယ္။

မေန႔က ဒီဇင္ဘာလ ၂၀ ရက္ေန႔မွာ ပိုလန္ နယ္စပ္အနီး ကာဗီနာၿမိဳ႕ အေရွ႕ဘက္ရွိ ေက်ာက္မီးေသြးတြင္း ေျမေအာက္ အနက္ ေပ ၂၆၀၀ မွာ ေပါက္ကြဲခဲ့တာ ျဖစ္ၿပီး ေသဆံုး၊ ဒဏ္ရာရသူ အမ်ားစုဟာ ပိုလန္ သတၱဳတြင္းသမားေတြ ျဖစ္တယ္လို႔ ခ်က္သမၼတ ႏိုင္ငံပိုင္ OKD သတၱဳတြင္း ကုမၸဏီက ေျပာပါတယ္။

မီးေလာင္မႈေၾကာင့္ ရွာေဖြ ကယ္ဆယ္ေရး လုပ္ငန္းေတြ ၾကန္႔ၾကာေနတယ္လို႔ ကုမၸဏီ မန္ေနးဂ်င္း ဒါ႐ိုက္တာ ကိုဝါစကီက ေျပာပါတယ္။ OKD ကုမၸဏီ ေျပာခြင့္ရသူက ေသဆံုးသူ ၁၃ ဦးအနက္ ၁၁ ဦးဟာ ပိုလန္ႏိုင္ငံသားေတြ ျဖစ္ၿပီး ႏွစ္ဦးက ခ်က္ႏိုင္ငံသား ျဖစ္ပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

ချက်သမ္မတ နိုင်ငံမှာ ကျောက်မီးသွေးတွင်း ပေါက်ကွဲ၊ ၁၃ ဦး သေ

ချက်သမ္မတ နိုင်ငံမှာ ကျောက်မီးသွေးတွင်း တစ်ခုမှ မီသိမ်းဓာတ်ငွေ့ ပေါက်ကွဲလို့ အနည်းဆုံး ၁၃ ဦး သေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရသွားပါတယ်။

မနေ့က ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ပိုလန် နယ်စပ်အနီး ကာဗီနာမြို့ အရှေ့ဘက်ရှိ ကျောက်မီးသွေးတွင်း မြေအောက် အနက် ပေ ၂၆၀ဝ မှာ ပေါက်ကွဲခဲ့တာ ဖြစ်ပြီး သေဆုံး၊ ဒဏ်ရာရသူ အများစုဟာ ပိုလန် သတ္တုတွင်းသမားတွေ ဖြစ်တယ်လို့ ချက်သမ္မတ နိုင်ငံပိုင် OKD သတ္တုတွင်း ကုမ္ပဏီက ပြောပါတယ်။

မီးလောင်မှုကြောင့် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေ ကြန့်ကြာနေတယ်လို့ ကုမ္ပဏီ မန်နေးဂျင်း ဒါရိုက်တာ ကိုဝါစကီက ပြောပါတယ်။ OKD ကုမ္ပဏီ ပြောခွင့်ရသူက သေဆုံးသူ ၁၃ ဦးအနက် ၁၁ ဦးဟာ ပိုလန်နိုင်ငံသားတွေ ဖြစ်ပြီး နှစ်ဦးက ချက်နိုင်ငံသား ဖြစ်ပါတယ်။