အေမရိကန္ ကာကြယ္ေရးဝန္ႀကီး ရာထူးမွ ထြက္မယ္

0
850

အေမရိကန္ ကာကြယ္ေရးဝန္ႀကီး ဂ်ိမ္းစ္ မက္တစ္ဟာ လာမယ့္ ၂၀၁၉ ခုႏွစ္ ေဖေဖာ္၀ါရီလကုန္မွာ ရာထူးကေန ႏုတ္ထြက္မွာျဖစ္ေၾကာင္း အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္က ေျပာပါတယ္။

ဂ်ိမ္းစ္ မက္တစ္ဟာ ၂၀၁၇ ခုႏွစ္ ေဖေဖာ္၀ါရီလက အေမရိကန္ အစိုးရအဖြဲ႔မွာ တာဝန္ယူခဲ့ၿပီးေနာက္   ရာထူးကေန အနားယူဖုိ႔ ဆံုးျဖတ္ခဲ့တာ ျဖစ္ပါတယ္။ ဂ်ိမ္းစ္ မက္တစ္ ကာကြယ္ေရး ဝန္ႀကီး တာဝန္ယူခ်ိန္အတြင္း ကာကြယ္ေရးဆုိင္ရာ စစ္လက္နက္ ပစၥည္းေတြ တုိးေကာင္းမြန္လာမႈအတြက္ ေက်းဇူးတင္ေၾကာင္း၊ ဂ်ိမ္းစ္ မက္တစ္ဟာ အေမရိကန္ႏုိင္ငံကိုသာမက တျခားႏုိင္ငံေတြကိုလည္း   စစ္ဘက္ဆုိင္ရာ လုိက္နာရမယ့္ စည္းကမ္းေတြ မွွ်ေဝေပးခဲ့သူျဖစ္ေၾကာင္း သမၼတ ထရမ့္က ေျပာပါတယ္။

ႏိုင္ငံတကာေရးရာ ကိစၥေတြမွာ အေမရိကန္ႏုိင္ငံ ပါဝင္မႈေတြနဲ႔ ပတ္သက္လုိ႔ အေမရိကန္ အစိုးရၾကား သေဘာထား ကြဲလြဲမႈေတြ ရွိခဲ့ၿပီးေနာက္ ဂ်ိမ္းစ္ မက္တစ္ဟာ ကာကြယ္ေရးဝန္ႀကီး ရာထူးက ႏုတ္ထြက္တာျဖစ္ေၾကာင္း သံုးသပ္ၾကပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>>

 

အမေရိကန် ကာကွယ်ရေးဝန်ကြီး ရာထူးမှ ထွက်မယ်

အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ် မက်တစ်ဟာ လာမယ့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလကုန်မှာ ရာထူးကနေ နုတ်ထွက်မှာဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

ဂျိမ်းစ် မက်တစ်ဟာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလက အမေရိကန် အစိုးရအဖွဲ့မှာ တာဝန်ယူခဲ့ပြီးနောက်   ရာထူးကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဂျိမ်းစ် မက်တစ် ကာကွယ်ရေး ဝန်ကြီး တာဝန်ယူချိန်အတွင်း ကာကွယ်ရေးဆိုင်ရာ စစ်လက်နက် ပစ္စည်းတွေ တိုးကောင်းမွန်လာမှုအတွက် ကျေးဇူးတင်ကြောင်း၊ ဂျိမ်းစ် မက်တစ်ဟာ အမေရိကန်နိုင်ငံကိုသာမက တခြားနိုင်ငံတွေကိုလည်း   စစ်ဘက်ဆိုင်ရာ လိုက်နာရမယ့် စည်းကမ်းတွေ မျှဝေပေးခဲ့သူဖြစ်ကြောင်း သမ္မတ ထရမ့်က ပြောပါတယ်။

နိုင်ငံတကာရေးရာ ကိစ္စတွေမှာ အမေရိကန်နိုင်ငံ ပါဝင်မှုတွေနဲ့ ပတ်သက်လို့ အမေရိကန် အစိုးရကြား သဘောထား ကွဲလွဲမှုတွေ ရှိခဲ့ပြီးနောက် ဂျိမ်းစ် မက်တစ်ဟာ ကာကွယ်ရေးဝန်ကြီး ရာထူးက နုတ်ထွက်တာဖြစ်ကြောင်း သုံးသပ်ကြပါတယ်။