ဟစ္ဇဘိုလာ စစ္ေသြးၾကြအုပ္စုကို အေရးယူဖုိ႔ ကုလသမဂၢကို အစၥေရး ေတာင္းဆုိ

0
100

လက္ဘႏြန္-အစၥေရး နယ္စပ္မွာ ဟစ္ဇဘိုလာ စစ္ေသြးၾကြအုပ္စု ေဖာက္လုပ္ထားတဲ့ တူးေျမာင္း ေလးခုကို ေတြ႔ရွိခဲ့ၿပီးေနာက္ ကုလသမဂၢ အေနနဲ႔ ဟစ္ဇဘိုလာ စစ္ေသြးၾကြအုပ္စုကို အေရးယူေပးဖို႔ အစၥေရးႏုိင္ငံက ေတာင္းဆုိလုိက္ပါတယ္။

ဥမင္လုိဏ္ေခါင္းေတြ ေဖာက္လုပ္တာဟာ ကုလသမဂၢ လံုၿခံဳေရးေကာင္စီ ဆံုးျဖတ္ခ်က္ကို ခ်ိဳးေဖာက္တာျဖစ္ေၾကာင္း အစၥေရးဝန္ႀကီးခ်ဳပ္ ဘင္ဂ်မင္ ေနတန္ယာဟုက ေျပာပါတယ္။ ဒါ့အျပင္ ဟစ္ဇဘိုလာအဖြဲ႔ကို အၾကမ္းဖက္ အဖြဲ႔အစည္းအျဖစ္ ကုလသမဂၢက သတ္မွတ္သင့္ေၾကာင္းလည္း အစၥေရးဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။

လက္ရွိအခ်ိန္မွာ အီရန္က ေက်ာေထာက္ေနာက္ခံ ေပးထားတဲ့ ဟစ္ဇဘိုလာ စစ္ေသြးၾကြအဖြဲ႔ နဲ႔ အစၥေရးႏုိင္ငံၾကား တင္းမာမႈ အရွိန္ျမင့္တက္ေနပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

ဟစ်ဇဘိုလာ စစ်သွေးကြွအုပ်စုကို အရေးယူဖို့ ကုလသမဂ္ဂကို အစ္စရေး တောင်းဆို

လက်ဘနွန်-အစ္စရေး နယ်စပ်မှာ ဟစ်ဇဘိုလာ စစ်သွေးကြွအုပ်စု ဖောက်လုပ်ထားတဲ့ တူးမြောင်း လေးခုကို တွေ့ရှိခဲ့ပြီးနောက် ကုလသမဂ္ဂ အနေနဲ့ ဟစ်ဇဘိုလာ စစ်သွေးကြွအုပ်စုကို အရေးယူပေးဖို့ အစ္စရေးနိုင်ငံက တောင်းဆိုလိုက်ပါတယ်။

ဥမင်လိုဏ်ခေါင်းတွေ ဖောက်လုပ်တာဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ချိုးဖောက်တာဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြောပါတယ်။ ဒါ့အပြင် ဟစ်ဇဘိုလာအဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကုလသမဂ္ဂက သတ်မှတ်သင့်ကြောင်းလည်း အစ္စရေးဝန်ကြီးချုပ်က ပြောပါတယ်။

လက်ရှိအချိန်မှာ အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဟစ်ဇဘိုလာ စစ်သွေးကြွအဖွဲ့ နဲ့ အစ္စရေးနိုင်ငံကြား တင်းမာမှု အရှိန်မြင့်တက်နေပါတယ်။