
0
512

ဆီးရီးယားမှာ ရှိတဲ့ IS အစ္စလာမ် အကြမ်းဖက်သမားတွေကို နှိမနှ်ငးနိုင်ခဲ့ပြီဖြစ်လို့ စစ်မြေပြင်မှာ ဖြန့်ကြက်ထားတဲ့ အမေရိကန် တပ်တွေကို ပြန်ရုပ်သိမ်းမယ်လို့ သမ္မတ ဒေါ်နယ် ထရမ့်က မနေ့က ဒီဇင်ဘာလ ၁၉ ရက်မှာ ပြောလိုက်ပါတယ်။



 

<>>>>>>>>>>>>>>>>>>>>>>>>>>>>

 

သမ္မတ ထရမ့်က IS တွေကို နိုင်ပြီလို့ ကြေညာ၊ အမေရိကန်တပ်တွေကို ပြန်ရုပ်သိမ်းမယ်

ဆီးရီးယားမှာ ရှိတဲ့ IS အစ္စလာမ် အကြမ်းဖက်သမားတွေကို နှိမနှ်ငးနိ်ုင်ခဲ့ပြီဖြစ်လို့ စစ်မြေပြင်မှာ ဖြန့်ကြက်ထားတဲ့ အမေရိကန် တပ်တွေကို ပြန်ရုပ်သိမ်းမယ်လို့ သမ္မတ ဒေါ်နယ် ထရမ့်က မနေ့က ဒီဇင်ဘာလ ၁၉ ရက်မှာ ပြောလိုက်ပါတယ်။

IS အကြမ်းဖက်သမားတွေကို အနိုင်ယူခဲ့ပြီဖြစ်ကြောင်း၊ သူတို့ကို တိုက်ခိုက်ခြေမှုန်းပြီးတော့ ဆီးရီးယားနိုင်ငံကို ပြန်လည်ရယူနိုင်ခဲ့ပြီဖြစ်လို့ အမေရိကန်စစ်သားတွေကို အိမ်ပြန်ခေါ်ရမယ့်အချိန် ဖြစ်တယ်လို့ ပြောခဲ့တဲ့ ဗီဒီယိုဖိုင်ကို  သမ္မတ ထရမ့်က Twitter လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။

ပြန်ရုပ်သိမ်းတယ်ဆိုတာ တပ်ဖွဲ့အကုန်လုံးကို ဆိုလိုတာဖြစ်ကြောင်း၊ ဆီးရီးယားမှာရှိတဲ့ တပ်တွေအကုန် ရုပ်သိမ်းမှာဖြစ်ကြောင်း အမေရိကန်စစ်တပ်ရဲ့ အရာရှိတစ်ဦးက ပြောပါတယ်။ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ဆီးရီးယားမှာ အမေရိကန်စစ်သည် ၂ ထောင်ကျော် ဖြန့်ကြက်ထားပါတယ်။