ေမြးေန႔မွာ သားသမီးေတြနဲ႔အတူ ဘရက္ပစ္ ေပ်ာ္ရြင္စြာ အခ်ိန္ကုန္ဆံုး

0
843

ကမာၻေက်ာ္ ေဟာလိဝုဒ္ ႐ုပ္ရွင္မင္းသား ဘရက္ပစ္ဟာ သူရဲ႕ အသက္  ၅၅ ႏွစ္ေျမာက္ ေမြးေန႔ကို သားသမီးေတြနဲ႔သာ အတူကုန္ဆံုးခဲ့ပါတယ္။

ဘရက္ပစ္ဟာ ဒီဇင္ဘာလ ၁၈ ရက္ေန႔က အသက္ ၅၅ ႏွစ္ျပည့္ခဲ့ၿပီး ေမြးေန႔ပြဲမွာ ကြဲကြာေနတဲ့  သားသမီးေတြနဲ႔အတူ ျပန္ေတြ႔ဆံုကာ ေမြးေန႔ကို ေပ်ာ္ရြင္စြာျဖတ္သန္းခဲ့ေၾကာင္း ဘရက္ပစ္နဲ႔ နီးစပ္သူေတြက ေျပာပါတယ္။ မင္းသား ဘရက္ပစ္ဟာ ဇနီးသည္ မင္းသမီး အင္ဂ်လီနာ ဂ်ိဳလီနဲ႔ ကြာရွင္းဖုိ႔ စီစဥ္ထားၿပီး သားသမီး ထိန္းသိမ္းခြင့္အတြက္ တရား႐ံုးမွာ အျငင္းပြားေနပါတယ္။

လက္ရွိမွာ သားသမီးေတြဟာ ဂ်ိဳလီရဲ႕ အုပ္ထိန္းမႈေအာက္မွာ ရွိေနၿပီး ဂ်ိဳလီကလည္း သားသမီးေတြကို  ဘရက္ပစ္ ေမြးေန႔ သြားေရာက္ဖုိ႔ ေစလႊတ္ေပးခဲ့ပါတယ္။ ဘရက္ပစ္နဲ႔ နီးစပ္သူတစ္ဦးက ဘရက္ပစ္အတြက္ ေကာင္းမြန္တဲ့ ေမြးေန႔ျဖစ္ခဲ့ေၾကာင္း၊ ဘရက္ပစ္ဟာ ကြဲကြာေနတဲ့ သားသမီးေတြနဲ႔သာ ညလံုးေပါက္ ရွိေနခဲ့ေၾကာင္း ေျပာပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>

 

မွေးနေ့မှာ သားသမီးတွေနဲ့အတူ ဘရက်ပစ် ပျော်ရွင်စွာ အချိန်ကုန်ဆုံး

ကမ္ဘာကျော် ဟောလိဝုဒ် ရုပ်ရှင်မင်းသား ဘရက်ပစ်ဟာ သူရဲ့ အသက်  ၅၅ နှစ်မြောက် မွေးနေ့ကို သားသမီးတွေနဲ့သာ အတူကုန်ဆုံးခဲ့ပါတယ်။

ဘရက်ပစ်ဟာ ဒီဇင်ဘာလ ၁၈ ရက်နေ့က အသက် ၅၅ နှစ်ပြည့်ခဲ့ပြီး မွေးနေ့ပွဲမှာ ကွဲကွာနေတဲ့  သားသမီးတွေနဲ့အတူ ပြန်တွေ့ဆုံကာ မွေးနေ့ကို ပျော်ရွင်စွာဖြတ်သန်းခဲ့ကြောင်း ဘရက်ပစ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ မင်းသား ဘရက်ပစ်ဟာ ဇနီးသည် မင်းသမီး အင်ဂျလီနာ ဂျိုလီနဲ့ ကွာရှင်းဖို့ စီစဉ်ထားပြီး သားသမီး ထိန်းသိမ်းခွင့်အတွက် တရားရုံးမှာ အငြင်းပွားနေပါတယ်။

လက်ရှိမှာ သားသမီးတွေဟာ ဂျိုလီရဲ့ အုပ်ထိန်းမှုအောက်မှာ ရှိနေပြီး ဂျိုလီကလည်း သားသမီးတွေကို  ဘရက်ပစ် မွေးနေ့ သွားရောက်ဖို့ စေလွှတ်ပေးခဲ့ပါတယ်။ ဘရက်ပစ်နဲ့ နီးစပ်သူတစ်ဦးက ဘရက်ပစ်အတွက် ကောင်းမွန်တဲ့ မွေးနေ့ဖြစ်ခဲ့ကြောင်း၊ ဘရက်ပစ်ဟာ ကွဲကွာနေတဲ့ သားသမီးတွေနဲ့သာ ညလုံးပေါက် ရှိနေခဲ့ကြောင်း ပြောပါတယ်။