ဘရားဇီးမွာ အမ်ိဳးသမီးေတြကို သတ္ၿပီး လူသားစားသူေတြကို ေထာင္ဒဏ္ခ်

0
647

ဘရာဇီးႏိုင္ငံ အေရွ႕ေျမာက္ပိုင္းရွိ ဂါရန္ဟြန္းစ္မွာ အမ်ိဳးသမီး သံုးဦးကို သတ္ျဖတ္ၿပီး သူတို႔ရဲ႕ အသားကို စားတာ၊ မုန္႔ထဲ ထည့္ဖုတ္ၿပီး အိမ္နီးခ်င္းေတြကို ေရာင္းခ်တာ လုပ္ခဲ့သူ သံုးဦးကို ေထာင္ဒဏ္ ၁၀ စုႏွစ္ မ်ားစြာ ခ်မွတ္လိုက္ပါတယ္။

၂၀၁၂ ခုႏွစ္ ဖမ္းဆီးခံခဲ့ရတဲ့ ေဂ်ာ့ ဘယ္လထရာယို နီဂ႐ိုမြန္ေတ ဒါ ဆီလ္ဗီးရားကို ေထာင္ဒဏ္ ၇၁ ႏွစ္၊ ဇန္းျဖစ္သူ အစၥဘယ္ ပီးရက္စ္ကို ေထာင္ဒဏ္ ၆၈ ႏွစ္ အိမ္အကူ ဘ႐ူနာ ခရစၥတီနာ အိုလီဗီယာကို ေထာင္ဒဏ္ ၇၁ ႏွစ္နဲ႔ ၁၀ လစီ ခ်မွတ္လိုက္တာ ျဖစ္ပါတယ္။

သူတို႔ဟာ ငယ္ရြယ္တဲ့ အမ်ိဳးသမီးေတြကို ကေလးထိန္းအျဖစ္ ငွားရမ္းၿပီးေနာက္ သတ္ျဖတ္ကာ သူတို႔အသားကို ေၾကာက္ရြံ႕မႈေတြ သန္႔စင္ေရးအတြက္ စားခဲ့ၾကတာ ျဖစ္ပါတယ္။ ရဲေတြက သူတို႔ကို ဖမ္းဆီးလိုက္စဥ္မွာ ဆီလ္ဗီးရား ေရးသားထားတဲ့ “စိတ္ကစဥ့္ကလ်ား ျဖစ္မႈကို ထုတ္ေဖာ္ျခင္းမ်ား” လက္ေရးမူစာအုပ္မွာ သူဟာ နားထဲမွာ အသံေတြ ၾကားေနရေၾကာင္းနဲ႔ အမ်ိဳးသမီးေတြကို သတ္ျဖတ္ဖို႔ သူ႔အာ႐ံုေတြကို လံႈ႕ေဆာ္ေနေၾကာင္း ေရးသားထားတာ ေတြ႔ခဲ့ၾကပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

ဘရားဇီးမှာ အမျိုးသမီးတွေကို သတ်ပြီး လူသားစားသူတွေကို ထောင်ဒဏ်ချ

ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဂါရန်ဟွန်းစ်မှာ အမျိုးသမီး သုံးဦးကို သတ်ဖြတ်ပြီး သူတို့ရဲ့ အသားကို စားတာ၊ မုန့်ထဲ ထည့်ဖုတ်ပြီး အိမ်နီးချင်းတွေကို ရောင်းချတာ လုပ်ခဲ့သူ သုံးဦးကို ထောင်ဒဏ် ၁၀ စုနှစ် များစွာ ချမှတ်လိုက်ပါတယ်။

၂၀၁၂ ခုနှစ် ဖမ်းဆီးခံခဲ့ရတဲ့ ဂျော့ ဘယ်လထရာယို နီဂရိုမွန်တေ ဒါ ဆီလ်ဗီးရားကို ထောင်ဒဏ် ၇၁ နှစ်၊ ဇန်းဖြစ်သူ အစ္စဘယ် ပီးရက်စ်ကို ထောင်ဒဏ် ၆၈ နှစ် အိမ်အကူ ဘရူနာ ခရစ္စတီနာ အိုလီဗီယာကို ထောင်ဒဏ် ၇၁ နှစ်နဲ့ ၁၀ လစီ ချမှတ်လိုက်တာ ဖြစ်ပါတယ်။

သူတို့ဟာ ငယ်ရွယ်တဲ့ အမျိုးသမီးတွေကို ကလေးထိန်းအဖြစ် ငှားရမ်းပြီးနောက် သတ်ဖြတ်ကာ သူတို့အသားကို ကြောက်ရွံ့မှုတွေ သန့်စင်ရေးအတွက် စားခဲ့ကြတာ ဖြစ်ပါတယ်။ ရဲတွေက သူတို့ကို ဖမ်းဆီးလိုက်စဉ်မှာ ဆီလ်ဗီးရား ရေးသားထားတဲ့ “စိတ်ကစဉ့်ကလျား ဖြစ်မှုကို ထုတ်ဖော်ခြင်းများ” လက်ရေးမူစာအုပ်မှာ သူဟာ နားထဲမှာ အသံတွေ ကြားနေရကြောင်းနဲ့ အမျိုးသမီးတွေကို သတ်ဖြတ်ဖို့ သူ့အာရုံတွေကို လှုံ့ဆော်နေကြောင်း ရေးသားထားတာ တွေ့ခဲ့ကြပါတယ်။