အမုန္းတရားနဲ႔ မသင့္ေလ်ာ္မႈေၾကာင့္ ဗီဒီယို ၅၈ သန္း YouTube ဖယ္ရွား

0
112

အစိုးရ ထိန္းခ်ဳပ္မႈနဲ႔ ဆင္ဆာျဖတ္ေတာက္မႈေတြကေန ကင္းလြတ္တယ္လို႔ သိၾကတဲ့ YouTube ဟာ ၿပီးခဲ့တဲ့ သံုးလအတြင္းမွာ အမုန္းတရား ျဖန္႔ေဝမႈနဲ႔ မသင့္ေလ်ာ္တဲ့ အေၾကာင္းအရာေတြ ပါဝင္မႈေၾကာင့္ ဗီဒီယိုဖိုင္ ၅၈ သန္းကို ဖယ္ရွားခဲ့ပါတယ္။

ဖယ္ရွားလိုက္တဲ့ ဗီဒီယုိဖိုင္ ၅၈ သန္းဆိုတာ တကယ္ ပယ္ဖ်က္ရမယ့္ ဗီဒီယိုဖိုင္ေတြရဲ႕ အနည္းငယ္ေလးမွ်သာ ျဖစ္တယ္လို႔ မားေဒ့ါရွ္ တကၠသိုလ္ လူမႈကြန္ရက္ ကြ်မ္းက်င္သူ ကထိက ကက္သရင္း အာခ်ာက ေျပာပါတယ္။ YouTube ဟာ သူတို႔မွာ ျပႆနာရွိေနၿပီဆိုတာ ဝန္ခံတာျဖစ္ေၾကာင္း၊ YouTube ဟာ ပညာရွင္ မဟုတ္လည္း ဗီဒီယိုဖိုင္ေတြ လြတ္လြတ္လပ္လပ္ တင္လို႔ ရေနခဲ့တဲ့ ေနရာျဖစ္ေၾကာင္း သူက ေထာက္ျပပါတယ္။

သန္းနဲ႔ခ်ီတဲ့ ဗီဒီယိုဖိုင္ေတြကို ဖယ္ရွားခဲ့တယ္ဆိုေပမယ့္ ဒီေလာက္ မ်ားျပားတဲ့ ဖိုင္ေတြကို ဘယ္လို စိစစ္ ဖယ္ရွားသလဲဆိုတာကိုေတာ့ ထုတ္ေဖာ္ ေျပာဆုိျခင္း မရွိပါဘူး။ Google က ပိုင္ဆိုင္တဲ့ YouTube ရဲ႕ ေျပာခြင့္ရ အမ်ိဳးသမီးကေတာ့ မသင့္ေလ်ာ္တဲ့ ဗီဒီယိုဖိုင္ေတြကို ရွာေဖြ ေဖာ္ထုတ္ဖို႔ အယ္လိုဂရစ္သမ္ နည္းသစ္ကို အသံုးျပဳခဲ့တယ္လို႔ ေျပာပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>>

 

အမုန်းတရားနဲ့ မသင့်လျော်မှုကြောင့် ဗီဒီယို ၅၈ သန်း YouTube ဖယ်ရှား

အစိုးရ ထိန်းချုပ်မှုနဲ့ ဆင်ဆာဖြတ်တောက်မှုတွေကနေ ကင်းလွတ်တယ်လို့ သိကြတဲ့ YouTube ဟာ ပြီးခဲ့တဲ့ သုံးလအတွင်းမှာ အမုန်းတရား ဖြန့်ဝေမှုနဲ့ မသင့်လျော်တဲ့ အကြောင်းအရာတွေ ပါဝင်မှုကြောင့် ဗီဒီယိုဖိုင် ၅၈ သန်းကို ဖယ်ရှားခဲ့ပါတယ်။

ဖယ်ရှားလိုက်တဲ့ ဗီဒီယိုဖိုင် ၅၈ သန်းဆိုတာ တကယ် ပယ်ဖျက်ရမယ့် ဗီဒီယိုဖိုင်တွေရဲ့ အနည်းငယ်လေးမျှသာ ဖြစ်တယ်လို့ မားဒေါ့ရှ် တက္ကသိုလ် လူမှုကွန်ရက် ကျွမ်းကျင်သူ ကထိက ကက်သရင်း အာချာက ပြောပါတယ်။ YouTube ဟာ သူတို့မှာ ပြဿနာရှိနေပြီဆိုတာ ဝန်ခံတာဖြစ်ကြောင်း၊ YouTube ဟာ ပညာရှင် မဟုတ်လည်း ဗီဒီယိုဖိုင်တွေ လွတ်လွတ်လပ်လပ် တင်လို့ ရနေခဲ့တဲ့ နေရာဖြစ်ကြောင်း သူက ထောက်ပြပါတယ်။

သန်းနဲ့ချီတဲ့ ဗီဒီယိုဖိုင်တွေကို ဖယ်ရှားခဲ့တယ်ဆိုပေမယ့် ဒီလောက် များပြားတဲ့ ဖိုင်တွေကို ဘယ်လို စိစစ် ဖယ်ရှားသလဲဆိုတာကိုတော့ ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။ Google က ပိုင်ဆိုင်တဲ့ YouTube ရဲ့ ပြောခွင့်ရ အမျိုးသမီးကတော့ မသင့်လျော်တဲ့ ဗီဒီယိုဖိုင်တွေကို ရှာဖွေ ဖော်ထုတ်ဖို့ အယ်လိုဂရစ်သမ် နည်းသစ်ကို အသုံးပြုခဲ့တယ်လို့ ပြောပါတယ်။