အိႏၵိယ တရားမဝင္ ေက်ာက္မီးေသြးတြင္းမွာ ပိတ္မိေနသူ ၁၃ ဦး ေသဆံုးမွာ စိုးရိမ္ရ

0
662

အိႏၵိယႏိုင္ငံ ေျမာက္ပိုင္း ေဝးလံတဲ့ေဒသရွိ တရားမဝင္ ေက်ာက္မီးေသြးတြင္းတစ္ခုထဲ ေရႀကီးၿပီး ေရေတြဝင္လို႔ အထဲမွာ ရွိတဲ့ လူ ၁၃ ဦး ပိတ္မိေနၿပီး ေသဆံုးမယ့္ အေျခအေနကို စိုးရိမ္ေနရပါတယ္။

 

သတၱဳတြင္း အေျမာက္အျမားရွိတဲ့ မာဂါလယ ျပည္နယ္ရွိ ျမစ္တစ္ခုဟာ မေန႔က ေရတက္လာၿပီး သတၱဳတြင္းေတြထဲ ဝင္ခဲ့တာ ျဖစ္ပါတယ္။ ဒီေန႔ ဒီဇင္ဘာလ ၁၄ ရက္ေန႔မွာ ကယ္ဆယ္ေရးသမား ေျမာက္မ်ားစြာဟာ ေရေတြကို စက္ေတြနဲ႔ စုပ္ထုတ္ေနပါတယ္။

သူတို႔ဆီ ေရာက္ဖို႔ ႀကိဳးပမ္းေနေၾကာင္း၊ သတင္းအရ လူ ၁၃ ဦး ပိတ္မိေနေၾကာင္း ရဲအရာရွိ ဆန္ဂမာက ေျပာပါတယ္။ သဘာဝ ပတ္ဝန္းက်င္အေရး လႈပ္ရွားသူေတြ ကန္႔ကြက္လို႔ အဲဒီ ေဒသတစ္ဝိုက္ရွိ မိုင္းတြင္းေတြကို ပိတ္ပစ္ဖို႔ ၂၀၁၄ ခုႏွစ္ကတည္းက အိႏၵိယ တရား႐ံုးက ညႊန္ၾကားၿပီးသား ျဖစ္ပါတယ္။ ဒါေပမယ့္ တရားမဝင္ ဆက္လက္ ခိုးတူးေနၾကတာ ျဖစ္ပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

အိန္ဒိယ တရားမဝင် ကျောက်မီးသွေးတွင်းမှာ ပိတ်မိနေသူ ၁၃ ဦး သေဆုံးမှာ စိုးရိမ်ရ

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဝေးလံတဲ့ဒေသရှိ တရားမဝင် ကျောက်မီးသွေးတွင်းတစ်ခုထဲ ရေကြီးပြီး ရေတွေဝင်လို့ အထဲမှာ ရှိတဲ့ လူ ၁၃ ဦး ပိတ်မိနေပြီး သေဆုံးမယ့် အခြေအနေကို စိုးရိမ်နေရပါတယ်။

သတ္တုတွင်း အမြောက်အမြားရှိတဲ့ မာဂါလယ ပြည်နယ်ရှိ မြစ်တစ်ခုဟာ မနေ့က ရေတက်လာပြီး သတ္တုတွင်းတွေထဲ ဝင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ကယ်ဆယ်ရေးသမား မြောက်များစွာဟာ ရေတွေကို စက်တွေနဲ့ စုပ်ထုတ်နေပါတယ်။

သူတို့ဆီ ရောက်ဖို့ ကြိုးပမ်းနေကြောင်း၊ သတင်းအရ လူ ၁၃ ဦး ပိတ်မိနေကြောင်း ရဲအရာရှိ ဆန်ဂမာက ပြောပါတယ်။ သဘာဝ ပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေ ကန့်ကွက်လို့ အဲဒီ ဒေသတစ်ဝိုက်ရှိ မိုင်းတွင်းတွေကို ပိတ်ပစ်ဖို့ ၂၀၁၄ ခုနှစ်ကတည်းက အိန္ဒိယ တရားရုံးက ညွှန်ကြားပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် တရားမဝင် ဆက်လက် ခိုးတူးနေကြတာ ဖြစ်ပါတယ်။