ဂျပန် က ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်သုံးစွဲမယ်

0
492




 

<>>>>>>>>>>>>>>>>>>>>>>>>>>>>

 

ဂျပန်နိုင်ငံ ဟာ လာမယ့်  ၅ နှစ် အတွင်း ကာကွယ်ရေးအသုံးစရိတ်ကို ပိုမို သုံးစွဲဖို့ စီစဉ်နေပါတယ်။   ဂျပန်နိုင်ငံ ဟာ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေကို တုံ့ပြန်နိုင်ဖို့ အမေရိကန်ထုတ် စစ်ပစ္စည်းတွေ ဝယ်ယူဖွယ်ရှိပါတယ်။

ဂျပန် ကာကွယ်ရေးဝန်ကြီးဌာန ဟာ    ၂၀၁၉ ခုနှစ် ဧပြီ ကနေ ၂၀၂၄ မတ်လအထိ  ကာကွယ်ရေး အသုံးစရိတ်အဖြစ် အမေရိကန်ဒေါ်လာ  ၂၄၀ ဘီလီယံ သုံးစွဲသွားဖွယ်ရှိတယ်လို့ ဂျပန်သတင်းတွေက ဖော်ပြခဲ့ပါတယ်။

လက်ရှိ သုံးစွဲနေတဲ့ ပမာဏာထက် တစ်နှစ်ကို ကာကွယ်ရေးအသုံးစရိတ်  ၁ ဒသမ ၁ ရာခိုင်နှုန်းတိုးမြင့် သုံးစွဲမှာလည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဂျပန်နိုင်ငံဟာ ဒေသအတွင်းမှာ တရုတ်၊  ရုရှား၊ မြောက်ကိုရီးယား တိုရဲ့လုံခြုံရေးစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

?bph6