တ႐ုတ္ဆက္သြယ္ေရး ကုမၸဏီအႀကီးအကဲ ဖမ္းဆီးခံရမႈမွာ ကေနဒါအစိုးရ ပါ၀င္ပတ္သတ္မႈမရွိ

0
337

တ႐ုတ္ အိုင္တီ ကုမၸဏီႀကီး Huawei Technologies ရဲ႕ အႀကီးတန္း အလုပ္အမႈေဆာင္ တစ္ဦး အဖမ္းခံရမႈမွာ ကေနဒါအစိုးရက ပါဝင္ပတ္သက္မႈမရွိဘူးလို႔ ကေနဒါဝန္ႀကီးခ်ဳပ္ က ဂ်က္စတင္ ထ႐ူးဒိုး (Justin Trudeau) က ေျပာလိုက္ပါတယ္။

ကေနဒါရဲ႕ တရားစီရင္ေရးအဖြဲ႕ဟာ နိုင္ငံေရးနဲ႔ ပတ္သက္ျခင္းမရွိဘဲ လြတ္လပ္ၿပီး ေလ်ာ္ကန္သင့္ျမတ္တဲ့ ဆုံးျဖတ္ခ်က္ ခ်ပိုင္ခြင့္ရွိတယ္လို႔ဆိုပါတယ္။ သီးျခား ၾကားနာမႈအေနနဲ႔ သူျပစ္မႈက်ဴးလြန္ခဲ့တဲ့ နိုင္ငံ အေမရိကား ကို လႊဲေျပာင္းလိမ့္မယ္လို႔ လည္း ယူဆရပါတယ္။

ဒီစြပ္စြဲခ်က္ေတြနဲ႔ပတ္သက္ၿပီး ကေနဒါ တရားေရးဌာနက ဖြင့္ဟေျပာဆိုတာမ်ိဳး မရွိေသးပါဘူး။ တ႐ုတ္ ဆက္သြယ္ေရး ကုမၸဏီအၾကီးအကဲတစ္ဦး ဟာ အီရန္အေပၚ အေမရိကန္ က ပိတ္ဆို႔မႈ ခ်မွတ္ထားတာကို ခ်ိဳးေဖာက္တာ ေၾကာင့္ ဖမ္းဆီးခံရတာျဖစ္ပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>

 

တရုတ် အိုင်တီ ကုမ္ပဏီကြီး Huawei Technologies ရဲ့ အကြီးတန်း အလုပ်အမှုဆောင် တစ်ဦး အဖမ်းခံရမှုမှာ ကနေဒါအစိုးရက ပါဝင်ပတ်သက်မှုမရှိဘူးလို့ ကနေဒါဝန်ကြီးချုပ် က ဂျက်စတင် ထရူးဒိုး (Justin Trudeau) က ပြောလိုက်ပါတယ်။

ကနေဒါရဲ့ တရားစီရင်ရေးအဖွဲ့ဟာ နိုင်ငံရေးနဲ့ ပတ်သက်ခြင်းမရှိဘဲ လွတ်လပ်ပြီး လျော်ကန်သင့်မြတ်တဲ့ ဆုံးဖြတ်ချက် ချပိုင်ခွင့်ရှိတယ်လို့ဆိုပါတယ်။ သီးခြား ကြားနာမှုအနေနဲ့ သူပြစ်မှုကျူးလွန်ခဲ့တဲ့ နိုင်ငံ အမေရိကား ကို လွှဲပြောင်းလိမ့်မယ်လို့ လည်း ယူဆရပါတယ်။

ဒီစွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ကနေဒါ တရားရေးဌာနက ဖွင့်ဟပြောဆိုတာမျိုး မရှိသေးပါဘူး။ တရုတ် ဆက်သွယ်ရေး ကုမ္ပဏီအကြီးအကဲတစ်ဦး ဟာ အီရန်အပေါ် အမေရိကန် က ပိတ်ဆို့မှု ချမှတ်ထားတာကို ချိုးဖောက်တာ ကြောင့် ဖမ်းဆီးခံရတာဖြစ်ပါတယ်။

?bph6