အီတလီက ႏိုက္ကလပ္ တစ္ခုမွာ လူအုပ္ပိလို႔ လူေသမႈျဖစ္ပြား

0
433

အီတလီႏုိင္ငံ က ႏို္က္ကလပ္တစ္ခုမွာ မ်က္ရည္ယိုဓါတ္ေငြ႕ ျဖန္းခဲ့တာေၾကာင့္ လူေတြအျပင္ဘက္ကို အလုအယက္ထြက္ေျပးၾကတာေၾကာင့္ လူ ၆ ဦး ေသဆံုးၿပီး ၁၂၀ ေက်ာ္ ဒဏ္ရာရခဲ့ပါတယ္။

ရပ္ပါ ဆပ္ဖ႐ုိ အက္ဘတ္စတာက အန္ကိုနာျပည္နယ္ ကာရီနယ္ဒိုၿမိဳ႕ က Lanterna Azzurra နုိက္ကလပ္တစ္ခုမွာ ဒီဇင္ဘာလ ၇ ရက္ညပိုင္းက ႐ႈိးပြဲတစ္ခုျပဳလုပ္ခဲ့ပါတယ္။ အဲ့ဒီပြဲကို တက္ေရာက္ခဲ့သူ တစ္ဦးက မ်က္ရည္ယိုဓာတ္ေငြ႔ျဖန္းခဲ့တာေၾကာင့္ လူ ၁၀၀၀ ေလာက္ဟာ အလုအယက္ ထြက္ေျပးခဲ့ၾကတဲ့အတြက္ လူေသဆံုးတာေတြ ျဖစ္ခဲ့တာလို႔ ေဒသတြင္း သတင္းဌာနေတြက ေဖာ္ျပၾကပါတယ္။

ေသဆံုးသူေတြထဲမွာ မိန္းကေလး ၃ ေယာက္၊ ေယာက်္ားေလး ၂ ေယာက္နဲ႔ ႐ႈိုးပြဲ သူမရဲ႕ ကေလးအေဖာ္လိုက္ခဲ့ေပးတဲ့ အမ်ဳိးသမီးတစ္ေယာက္တို့ျဖစ္ပါတယ္။ ဒဏ္ရာရ႐ွိသူေတထဲက ၁၂ ေယာက္ဟာ အေရးေပၚ အေျခအေနမွာ ႐ွိတယ္လို႔ သိရပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

အီတလီနိုင်ငံ က နိ်ုက်ကလပ်တစ်ခုမှာ မျက်ရည်ယိုဓါတ်ငွေ့ ဖြန်းခဲ့တာကြောင့် လူတွေအပြင်ဘက်ကို အလုအယက်ထွက်ပြေးကြရာ လူ ၆ ဦး သေဆုံးပြီး ၁၂၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

ရပ်ပါ ဆပ်ဖရို အက်ဘတ်စတာက အန်ကိုနာပြည်နယ် ကာရီနယ်ဒိုမြို့ က Lanterna Azzurra နိုက်ကလပ်တစ်ခုမှာ ဒီဇင်ဘာလ ၇ ရက်ညပိုင်းက ရှိုးပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီပွဲကို တက်ရောက်ခဲ့သူ တစ်ဦးက မျက်ရည်ယိုဓာတ်ငွေ့ဖြန်းခဲ့တာကြောင့် လူ ၁၀ဝ၀ လောက်ဟာ အလုအယက် ထွက်ပြေးခဲ့ကြတဲ့အတွက် လူသေဆုံးတာတွေ ဖြစ်ခဲ့တာလို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြကြပါတယ်။

သေဆုံးသူတွေထဲမှာ မိန်းကလေး ၃ ယောက်၊ ယောကျာ်းလေး ၂ ယောက်နဲ့ ရှိုုးပွဲ သူမရဲ့ ကလေးအဖော်လိုက်ခဲ့ပေးတဲ့ အမျိုးသမီးတစ်ယောက်တို့ဖြစ်ပါတယ်။ ဒဏ်ရာရရှိသူတေထဲက ၁၂ ယောက်ဟာ အရေးပေါ် အခြေအနေမှာ ရှိတယ်လို့ သိရပါတယ်။