မန်ယူ  ကွင်းလယ်လူ ဖရက်ဖ် ဟာ အသင်း မှ အဓိက ကျသူဖြစ်ကြောင်း မော်ရင်ဟို ပြော

0
855




 

<>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

မန်ယူနည်းပြမော်ရင်ဟို က အသင်းမှ  ကစားသမား ဖရက်ဒ် ဟာအသင်းအတွက် အဓိက အရေးပါသူဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။

ဘရာဇီး ကွင်းလယ် လူ ဖရက်ဒ် ဟာ  ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေကာလအတွင်းက  မန်ယူ အသင်းကို ပေါင် ၄၇ သန်းနဲ့ ပြောင်းလာခဲ့ပြီး  အသင်းကခေါ်ယူတဲ့ ကစားသမားတွေထဲမှာ ၄ ယောက်မြောက်တန်ဖိုးအကြီးဆုံး ကစားသမားဖြစ်ပါတယ်။

အသင်းဟာ နောက်တန်းကစားပုံ ကောင်းမွန်မယ်ဆိုရင်  အလယ်တန်းကစားသမား တွေကို ပိုမိုသုံးစွဲဖို့မလိုကြောင်း၊  ဖရက်ဒ်နဲ့ ပတ်သက်လို့ တစ်ဆင့်ပြီး တစ်ဆင့် လုပ်ယူရမှာဖြစ်ကြောင်း   မော်ရင်ဟိုကပြောပါတယ်။ မန်ယူအသင်း ဟာ အိမ်ကွင်းမှာနောက်တန်းကစားပုံကောင်းမွန်ခဲ့ပြီး ၁၀  ဂိုးသာ သွင်းခံထားရပါတယ်။