
0
68




 

<>>>>>>>>>>>>>>>>>>>>>>>>>

 

နယူး ကယ်လီဒိုနီးယား ပြည်နယ်မှာ ဆူနာမီ သတိပေးချက်ကို ဖယ်ရှား

ပစိဖိတ်သမုဒ္ဒရာ တောင်ပိုင်းက နယူး ကယ်လီဒိုနီးယား ကမ်းလွန်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်အပြီး ထုတ်ပြန်ခဲ့တဲ့ ဆူနာမီ သတိပေးချက်တစ်ခုကို ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း ပစိဖိတ် ဆူနာမီ ကြိုတင်သတိပေး စင်တာက ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီငလျင်ဟာ ဒေသအချိန် ဒီဇင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၈ မိနစ်မှာ လှုပ်ခတ်ခဲ့တာ ဖြစ်ပြီး  ပြင်းအား မဂ္ဂနီကျုဒ် ၇.၅ ရှိခဲ့ပါတယ်။

နယူး ကယ်လီဒိုနီးယား၊ ဗာနူအာတူနဲ့ တခြားကျွန်းတွေမှာ ဆူနာမီလှိုင်းတွေ ဖြစ်ပေါ်ခဲ့ပြီး ဗာနူအာတူရဲ့ မြို့တစ်မြို့ဖြစ်တဲ့ လဲနာခဲမှာ အမြင့် ၇၂ စင်တီမီတာရှိတဲ့ လှိုင်းတွေကို တိုင်းထွာတွေ့ရှိခဲ့ကြောင်း ဟာဝိုင်အီမှာ ရှိတဲ့ အမေရိကန် ဘူမိဗေဒလေ့လာရေးဌာနက ပြောပါတယ်။

?bph6