
1
74




 

<>>>>>>>>>>>>>>>>>>>>>

 

ဥရောပတဝန်းရှိ မားဖီးယား ဂိုဏ်းဝင်တွေကို ပစ်မှတ်ထား ဖမ်းဆီး

ဥရောပတဝန်းရှိ ရဲတွေဟာ အီတလီအခြေစိုက် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မာဖီးယား ဂိုဏ်းတစ်ဂိုဏ်းဖြစ်တဲ့ နက်ဒရန်ဟီတာ ဂိုဏ်းဝင် အများအပြားကို ပစ်မှတ်ထားပြီး ဖမ်းဆီးခဲ့ပါတယ်။

အဲဒီ မူးယစ်ဆေးဝါးဂိုဏ်းဟာ နယ်သာလန်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံနဲ့ အီတလီနိုင်ငံတွေရှိ မူးယစ်ဆေးဝါး  ရောင်းဝယ်မှုတွေမှာ ပါဝင်ဆက်နွယ်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ မူးယစ်ဆေးဝါး လုပ်ငန်းတွေ အဓိကလုပ်တဲ့ မာဖီးယားဂိုဏ်းဝင် ၉၀ ကျော်ဖမ်းဆီးထားပြီး ကိုကင်း ၃ တန်ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

သူတို့ဟာ ငွေကြေးခဝါချနိုင်ဖို့ အီတလီမှာ စားသောက်ဆိုင်တွေနဲ့ ရေခဲမုန့်ဆိုင်တွေ လုပ်ကိုင်နေပါတယ်။ အဲဒီ ၄ နိုင်ငံရှိ မားဖီယားဂိုဏ်းဝင်တွေရဲ့ အိမ်နဲ့ စီးပွားရေး လုပ်ငန်းတွေကို စီးနင်းချိန်အတွင်း ယူရိုသန်းချီ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

?bph6