တ႐ုတ္ဆက္သြယ္ေရး ကုမၸဏီ အႀကီးအကဲ ဖမ္းဆီးခံရ

1
117

တ႐ုတ္ဆက္သြယ္ေရး ကုမၸဏီျဖစ္တဲ့ Huawei ကုမၸဏီ တည္ေထာင္သူရဲဲ႕ သမီးျဖစ္သူဟာ ကေနဒါႏုိင္ငံမွာ ဖမ္းဆီးခံလိုက္ရၿပီး ျပစ္မႈက်ဴးလြန္တဲ့ အေမရိကန္ႏိုင္ငံဆီကို ျပန္လႊဲေပးဖြယ္ရွိပါတယ္။

Huawei ကုမၸဏီရဲ႕ ဘ႑ာေရးဆုိင္ရာ အႀကီးအကဲနဲ႔ ဒုတိယ ဥကၠ႒ျဖစ္သူ မင္ ဝမ္ဇူဟာ ဒီဇင္ဘာ ၁ ရက္ေန႔က ကေနဒါႏုိင္ငံမွာ ဖမ္းဆီးခံရတာျဖစ္ၿပီး အခုလို ဖမ္းဆီးခံရတဲ့ကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ ထုတ္ျပန္တာ မရွိပါဘူး။

အေမရိကန္ႏိုင္ငံဟာ အီရန္ႏုိင္ငံအေပၚ ခ်မွတ္ထားတဲ့ ပိတ္ဆုိ႔မႈျပစ္ဒဏ္ေတြကို Huawei ကုမၸဏီက ခ်ိဳးေဖာက္ခဲ့တာနဲ႔ ပတ္သက္လို႔ ဖမ္းဆီးတာ ျဖစ္ဖြယ္ရွိပါတယ္။ ကေနဒါႏုိင္ငံဆုိင္ရာ တ႐ုတ္သံ႐ံုးကေတာ့ ဒီဖမ္းဆီးမႈကို ကန္႔ကြက္ထားၿပီး အျမန္ဆံုး ျပန္လႊတ္ေပးဖုိ႔ ေတာင္းဆုိထားပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တရုတ်ဆက်သွယ်ရေး ကုမ္ပဏီ အကြီးအကဲ ဖမ်းဆီးခံရ

တရုတ်ဆက်သွယ်ရေး ကုမ္ပဏီဖြစ်တဲ့ Huawei ကုမ္ပဏီ တည်ထောင်သူရဲ့ သမီးဖြစ်သူဟာ ကနေဒါနိုင်ငံမှာ ဖမ်းဆီးခံလိုက်ရပြီး ပြစ်မှုကျူးလွန်တဲ့ အမေရိကန်နိုင်ငံဆီကို ပြန်လွှဲပေးဖွယ်ရှိပါတယ်။

Huawei ကုမ္ပဏီရဲ့ ဘဏ္ဍာရေးဆိုင်ရာ အကြီးအကဲနဲ့ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ မင် ဝမ်ဇူဟာ ဒီဇင်ဘာ ၁ ရက်နေ့က ကနေဒါနိုင်ငံမှာ ဖမ်းဆီးခံရတာဖြစ်ပြီး အခုလို ဖမ်းဆီးခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ထုတ်ပြန်တာ မရှိပါဘူး။

အမေရိကန်နိုင်ငံဟာ အီရန်နိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုပြစ်ဒဏ်တွေကို Huawei ကုမ္ပဏီက ချိုးဖောက်ခဲ့တာနဲ့ ပတ်သက်လို့ ဖမ်းဆီးတာ ဖြစ်ဖွယ်ရှိပါတယ်။ ကနေဒါနိုင်ငံဆိုင်ရာ တရုတ်သံရုံးကတော့ ဒီဖမ်းဆီးမှုကို ကန့်ကွက်ထားပြီး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

?bph6