
0
110

အမေရိကန်နိုင်ငံအနေနဲ့ ချုပ်ဆိုထားတဲ့ နျူကလီးယား လက်နက်စာချုပ်အတိုင်း ဆက်ရှိမယ်ဆိုရင် ရုရှားနိုင်ငံအနေနဲ့ လုပ်ဆောင်ဖို့ စီစဉ်ထားတဲ့ လက်နက်တွေကို ပိတ်ပင်သွားမယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောပါတယ်။



<>>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

နျူကလီးယားဒုံးကျည် စာချုပ်က အမေရိကန် မထွက်ရင် စီစဉ်ထားတဲ့ ဒုံးကျည်တွေကို ပိတ်ပင်မယ်

အမေရိကန်နိ်ုင်ငံအနေနဲ့ ချုပ်ဆိုထားတဲ့ နျူကလီးယား လက်နက်စာချုပ်အတိုင်း ဆက်ရှိမယ်ဆိုရင် ရုရှားနိုင်ငံအနေနဲ့ လုပ်ဆောင်ဖို့ စီစဉ်ထားတဲ့ လက်နက်တွေကို ပိတ်ပင်သွားမယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောပါတယ်။

အမေရိကန်နိုင်ငံဟာ ရုရှားနဲ့ချုပ်ဆိုထားတဲ့ တာလတ်ပစ် နျူကလီးယားဒုံးကျည် စာချုပ်ကနေ ထွက်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ နိုင်ငံအများစုဟာ ပိတ်ပင်ထားတဲ့ နျူကလီးယား တာလက်ပစ် ဒုံးကျည် လုပ်ဆောင်နေပြီး ရုရှားနဲ့အမေရိကန်ကတော့ နျူကလီးယား တာလတ်ပစ်ဒုံးကျည် လုပ်ဆောင်တာကို ကန့်သတ်ခံနေရတယ်လို့ ရုရှားသမ္မတက ပြောပါတယ်။

အမေရိကန်နိုင်ငံဟာ စာချုပ်ကနေ ထွက်လိုတာကြောင့် ရုရှားနိုင်ငံကို နျူကလီးယားစာချုပ် ချိုးဖောက်နေတယ်လို့ စွပ်စွဲတာဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်က ပြောပါတယ်။

?bph6