
0
94




 

<>>>>>>>>>>>>>>>>>>>>>>>>>>>

 

လက်နက်စာချုပ်တွေကို ရုရှား ချိုးဖောက်ကြောင်း နေတိုးအဖွဲ့ စွပ်စွဲ

ရုရှားနိုင်ငံဟာ တာလတ်ပစ်ဒုံးကျည် သဘောတူညီမှုစာချုပ်ကို ချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ နေတိုးအဖွဲ့က ပြောလိုက်ပါတယ်။

နေတိုးအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးပြီးနောက် အခုလို သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံကလည်း ရုရှားဟာ ၁၉၈၇ ခုနှစ်က ချုပ်ဆိုထားတဲ့ တာလတ်ပစ်ဒုံးကျည်စာချုပ် INF ကို ချိုးဖောက်နေတယ်လို့ အရင်က ပြောခဲ့ဖူးပါတယ်။ ရုရှားနိုင်ငံကတော့ စာချုပ် ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆန်ထားပါတယ်။

အမေရိကန်က ရုရှားနဲ့ ချုပ်ဆိုထားတဲ့ လက်နက်ဆိုင်ရာစာချုပ်ကနေ ထွက်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ အဲဒီစာချုပ်မှာ အကွာအဝေး မိုင် ၃၁၀ ကနေ မိုင် ၃၄၀ဝ အတွင်း ပစ်ခတ်နိုင်တဲ့ တာလတ်ပစ်ဒုံးကျည် လုပ်ဆောင်တာတွေကို ပိတ်ပင်ထားပါတယ်။

?bph6