ခါေရွာ့ဂီ အသတ္ခံရမႈ ေဆာ္ဒီအိမ္ေရွ႕မင္းသားကို အေမရိကန္ အမတ္ေတြ အျပစ္တင္

0
70

အေမရိကန္ ေထာက္လွမ္းေရး CIA ညႊန္ၾကားေရးမႉး ဂီနာ ဟတ္စပယ္ရဲ႕ အစီရင္ခံမႈကို ၾကားနာၿပီးေနာက္ အေမရိကန္ လႊတ္ေတာ္ အမတ္ေတြက ေဆာ္ဒီ ဂ်ာနယ္လစ္ ဂ်မယ္ ခါေရွာ့ဂီ အသတ္ခံရမႈမွာ ေဆာ္ဒီအာေရဗ် အိမ္ေရွ႕မင္းသား မိုဟာမက္ ဘင္ ဆယ္လ္မန္ ပါဝင္ပတ္သက္ေနတယ္ဆိုတာ ပိုမို ယံုၾကည္လာေၾကာင္း ေျပာပါတယ္။

ေဆာ္ဒီ အိမ္ေရွ႕မင္းသားကိုသာ တရား႐ံုးတင္လိုက္ရင္ တရားသူႀကီးဟာ မိနစ္ ၃၀ အတြင္း ျပစ္မႈထင္ရွားေၾကာင္း ေတြ႔ရွိလိမ့္မယ္လို႔ ဆီးနိတ္ ႏိုင္ငံျခားဆက္ဆံေရး ေကာ္မတီ ဥကၠ႒ ေဘာ့ ေကာ္ကာက ေျပာပါတယ္။

ခါေရွာ့ဂီ အသတ္ခံရမႈမွာ ေဆာ္ဒီ အိမ္ေရွ႕မင္းသား မပတ္သက္ေၾကာင္း ေျပာဖို႔ အခြင့္အလမ္းက သုညပဲ ရွိတယ္လို႔ လႊတ္ေတာ္အမတ္ လင္ေဆး ဂေရဟမ္ကလည္း ေျပာပါတယ္။ တူရကီ ႏိုင္ငံရွိ ေဆာ္ဒီ ေကာင္စစ္ဝန္ ႐ံုးထဲမွာ ခါေရွာ့ဂီ အေလာင္းကို ျဖတ္ေတာက္ၿပီး လက္စေဖ်ာက္တာနဲ႔ ပတ္သက္လို႔ ဂေရဂမ္က “ဒါဟာ မီးခိုးထြက္တဲ့ ေသနတ္မဟုတ္၊ မီးခိုးထြက္တဲ့ လႊ” လို႔ ရည္ညႊန္းေျပာဆိုသြားပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

ခါရှော့ဂီ အသတ်ခံရမှု ဆော်ဒီအိမ်ရှေ့မင်းသားကို အမေရိကန် အမတ်တွေ အပြစ်တင်

အမေရိကန် ထောက်လှမ်းရေး CIA ညွှန်ကြားရေးမှူး ဂီနာ ဟတ်စပယ်ရဲ့ အစီရင်ခံမှုကို ကြားနာပြီးနောက် အမေရိကန် လွှတ်တော် အမတ်တွေက ဆော်ဒီ ဂျာနယ်လစ် ဂျမယ် ခါရှော့ဂီ အသတ်ခံရမှုမှာ ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆယ်လ်မန် ပါဝင်ပတ်သက်နေတယ်ဆိုတာ ပိုမို ယုံကြည်လာကြောင်း ပြောပါတယ်။

ဆော်ဒီ အိမ်ရှေ့မင်းသားကိုသာ တရားရုံးတင်လိုက်ရင် တရားသူကြီးဟာ မိနစ် ၃၀ အတွင်း ပြစ်မှုထင်ရှားကြောင်း တွေ့ရှိလိမ့်မယ်လို့ ဆီးနိတ် နိုင်ငံခြားဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဘော့ ကော်ကာက ပြောပါတယ်။

ခါရှော့ဂီ အသတ်ခံရမှုမှာ ဆော်ဒီ အိမ်ရှေ့မင်းသား မပတ်သက်ကြောင်း ပြောဖို့ အခွင့်အလမ်းက သုညပဲ ရှိတယ်လို့ လွှတ်တော်အမတ် လင်ဆေး ဂရေဟမ်ကလည်း ပြောပါတယ်။ တူရကီ နိုင်ငံရှိ ဆော်ဒီ ကောင်စစ်ဝန် ရုံးထဲမှာ ခါရှော့ဂီ အလောင်းကို ဖြတ်တောက်ပြီး လက်စဖျောက်တာနဲ့ ပတ်သက်လို့ ဂရေဂမ်က “ဒါဟာ မီးခိုးထွက်တဲ့ သေနတ်မဟုတ်၊ မီးခိုးထွက်တဲ့ လွှ” လို့ ရည်ညွှန်းပြောဆိုသွားပါတယ်။

?bph6