ဖီဖီကၽြန္းမွာ ခရီးသြားမ်ားျပားလို႔ ေရျပတ္လပ္

0
99

ထုိငးႏို္င္ငံရဲ႕ အလွဆံုးကြ်န္းျဖစ္တဲ့ ဖီဖီကၽြန္းစုေတြမွာ အျဖဴေရာင္သဲေသာင္ျပင္နဲ႔ စိမ္းျပားေရျပင္တို႔ေၾကာင့္ ကမာၻလွည့္ ခရီးသြားေတြ လာေရာက္မႈ မ်ားျပားတဲ့အတြက္ ေသာက္ေရျပတ္လပ္တဲ့ ျပႆနာနဲ႔ ရင္ဆိုင္ေနရပါတယ္။ 

မာယာပင္လယ္ေအာ္ရဲ႕ ပင္လယ္ကမ္းေျခငယ္ျဖစ္တဲ့ ဖီဖီကၽြန္းကို ေဂဟေဗဒစနစ္ ျပန္လည္ဖြံ႕ၿဖဳိးေစဖို႔ ၿပီးခဲ့တဲ့ ဇြန္လကစၿပီး ေလးလၾကာ လည္ပတ္ခြင့္ ပိတ္ထားခဲ့ရပါတယ္။ ဖီဖီကၽြန္းကို တစ္ေန႔လွ်င္ ခရီးသြား ၅ ေထာင္ေက်ာ္နဲ႔ အေပ်ာ္စီးသေဘၤာ ၂၀၀ ေက်္ာအထိ လာေရာက္လည္ပတ္ၾကတဲ့အတြက္ ျပန္ထိန္းသိမ္းဖို႔ လိုအပ္ေနပါတယ္။ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလက စတင္ၿပီး ကန္႔သတ္ကာလကို ၁ ႏွစ္အထိ တိုးျမွင့္ခဲ့ပါတယ္။

ေက်ာက္တန္း ငါးမန္းေတြ ျပန္လည္ ဝင္ေရာက္လာတာဟာ သဘာဝပတ္ဝန္းက်င္ ျပန္လည္ ဖြံ႔ၿဖဳိးလာတာျဖစ္ေၾကာင္း၊ ခရီသြား အမ်ားအျပား ဝင္ေရာက္မႈနဲ႔ ပတ္ဝန္းက်င္ ညစ္ညမ္းမႈေၾကာင့္ ျဖစ္ေပၚလာတဲ့ ေရခ်ဳိအရင္းအျမစ္ ရွားပါးမႈ ျပႆနာကို ထိုင္းအစိုးအေနနဲ႔ ကူညီမွာျဖစ္ေၾကာင္း ေဒသခံ အာဏာပုိင္ေတြက ေျပာပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>>

 

ဖီဖီကျွန်းမှာ ခရီးသွားများပြားလို့ ရေပြတ်လပ်

ထိုငးနိ်ုင်ငံရဲ့ အလှဆုံးကျွန်းဖြစ်တဲ့ ဖီဖီကျွန်းစုတွေမှာ အဖြူရောင်သဲသောင်ပြင်နဲ့ စိမ်းပြားရေပြင်တို့ကြောင့် ကမ္ဘာလှည့် ခရီးသွားတွေ လာရောက်မှု များပြားတဲ့အတွက် သောက်ရေပြတ်လပ်တဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။

မာယာပင်လယ်အော်ရဲ့ ပင်လယ်ကမ်းခြေငယ်ဖြစ်တဲ့ ဖီဖီကျွန်းကို ဂေဟဗေဒစနစ် ပြန်လည်ဖွံ့ဖြိုးစေဖို့ ပြီးခဲ့တဲ့ ဇွန်လကစပြီး လေးလကြာ လည်ပတ်ခွင့် ပိတ်ထားခဲ့ရပါတယ်။ ဖီဖီကျွန်းကို တစ်နေ့လျှင် ခရီးသွား ၅ ထောင်ကျော်နဲ့ အပျော်စီးသင်္ဘော ၂၀ဝ ကျော်အထိ လာရောက်လည်ပတ်ကြတဲ့အတွက် ပြန်ထိန်းသိမ်းဖို့ လိုအပ်နေပါတယ်။ ၂၀၁၈ ခုနှစ် အောက်တိုဘာလက စတင်ပြီး ကန့်သတ်ကာလကို ၁ နှစ်အထိ တိုးမြှင့်ခဲ့ပါတယ်။

ကျောက်တန်း ငါးမန်းတွေ ပြန်လည် ဝင်ရောက်လာတာဟာ သဘာဝပတ်ဝန်းကျင် ပြန်လည် ဖွံ့ဖြိုးလာတာဖြစ်ကြောင်း၊ ခရီသွား အများအပြား ဝင်ရောက်မှုနဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ရေချိုအရင်းအမြစ် ရှားပါးမှု ပြဿနာကို ထိုင်းအစိုးအနေနဲ့ ကူညီမှာဖြစ်ကြောင်း ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။

?bph6