
0
103

ဘရာဇီးနိုင်ငံက ဆရာဝန်တွေဟာ ကွယ်လွန်သူ အလှူရှင် တစ်ယာက်ရဲ့ သားအိမ်ကို ထုတ်ယူ အစားထိုးပြီး ပထမဆုံးအကြိမ်အဖြစ် ကလေးမွေးဖွားပေးနိုင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။



 

<>>>>>>>>>>>>>>>>>>>>>>>>>>>

 

ကွယ်လွန်သူ အလှူရှင်ရဲ့ သားအိမ်ကို အစားထိုးပြီး ပထမဆုံး ကလေးမွေးဖွားခဲ့

ဘရာဇီးနိုင်ငံက ဆရာဝန်တွေဟယ ကွယ်လွန်သူ အလှူရှင် တစ်ယာက်ရဲ့ သားအိမ်ကို ထုတ်ယူ အစားထိုးပြီး ပထမဆုံးအကြိမ်အဖြစ် ကလေးမွေးဖွားပေးနိုင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

အခုလို မွေးဖွားမှု ဖြစ်စဉ်မတိုင်ခင်က အသားအိမ်အစားထိုး ကလေးမွေးဖွားပေးမှု ၁၁ ကြိမ်အထိ ရှိခဲ့ပေမယ့် အားလုံးဟာ အသက်ရှင်တဲ့ အလှူရှင်ဆီက သားအိမ်နဲ အစားထိုး မွေးပေးခဲ့တာ ဖြစ်ပါတယ်။ မွေးဖွားလာတာ မိန်းကလေးဖြစ်ပြီး မနှစ် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလက မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

မိခင်ဖြစ်သူအသက် ၃၂ အရွယ် စိတ်ပညာရှင်ဟာ ရှားပါးတဲ့ ရောဂါတစ်မျိုးကြောင့် မွေးရာပါ သားအိမ်မပါသူ ဖြစ်ပါတယ်။ အလှူရှင်ဖြစ်သူကတော့ အသက် ၄၅ နှစ်အရွယ် ကလေး ၃ ယောက် မိခင်ဖြစ်ပြီး လေဖြတ်ရောဂါနဲ့ သေဆုံးသွားခဲ့တာပါတယ်။ ဆာအိုပေါ်လို ဆေးပညာတက္ကသိုလ်က အစားထိုး ခွဲစိတ်မှု လုပ်ဆောင်တဲ့အဖွဲ့ကို ဒေါက်တာ ဒန်နီ အစ်ဇင်ဘာ့ဂ်က ဦးဆောင်ခဲ့တာဖြစ်ပါတယ်။

?bph6