
0
100




 

<>>>>>>>>>>>>>>>>>>>>>>>>>>>>

 

အမေရိကန်ဒေါ်လာ  ၁ ဒသမ ၂ ထရီလီယံ တန်ဖိုးရှိ ကုန်သွယ်မှုလုပ်ဖို့ တရုတ် ကမ်းလှမ်းထား

အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စတီဖင် မြူချင် က တရုတ်နိုင်ငံ ဟာ အမေရိကန်ဒေါ်လာ ၁.၂ ထရီလီယံ တန်ဖိုးရှိတဲ့ နောက်ထပ် ကုန်သွယ်မှု ပြုလုပ်ဖို့ ကမ်းလှမ်းခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။

အမေရိကန်-တရုတ်ထိပ်သီးဆွေးနွေးပွဲမှာ ဒီကမ်းလှမ်းချက်ကို ပြုလုပ်ခဲ့တာလို့ အမေရိကန်ဘဏ္ဍရေးဝန်ကြီး ကပြောပါတယ်။ တရုတ်အစိုးရရဲ့ ကတိကဝတ်တွေဟာ နှစ်နိုင်ငံ ကုန်သွယ်ရေးမညီမျှမှုတွေကို လျှော့ချဖို့ ရည်ရွယ်တာဖြစ်ပြီး အမေရိကန်ရဲ့ လယ်ယာထွက်ကုန်တွေ ဝယ်ယူရေး ပါဝင်ပါတယ်။

အမေရိကန်ကုမ္ပဏီတွေအတွက် ဈေးကွက်ကိုဖွင့်ပေးဖို့နဲ့ သူတို့ရဲ့နည်းပညာတွေကိုကာကွယ်ဖို့ ခြေလှမ်း တစ်ရပ်ဖြစ်ကြောင်း နှစ်နိုင်ငံခေါင်းဆောင်တို့ဟာ မပြေလည်သေးတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး နှစ်ဖက် စေ့စပ် ညှိနှိုင်းနေချိန်မှာ အမေရိကန်ရဲ့ အခွန်သစ်နဲ့ ပတ်သက်ပြီး ရက်ပေါင်း ၉၀ ယာယီဆိုင်းငံ့ထားဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။

?bph6