
0
95





<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

လက်နက်ဖျက်သိမ်းရေးအတွက်  ရုရှား ၊ တရုတ်တို့နဲ့ ဆွေးနွေးလိုတယ်လို့ အမေရိကန် သမ္မတ ပြော

အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် က အနာဂတ်မှာ တရုတ် ၊ ရုရှားခေါင်းဆောင်တွေနဲ့ လက်နက်ဖျက်သိမ်း ရေးကို စတင်ဆွေးနွေးလိုတယ်လို့ ပြောဆိုလိုက်ပါတယ်။

အဓိကကျတဲ့ကိစ္စရပ်ဖြစ်လာနေတဲ့ ထိန်းချုပ်မရတဲ့လက်နက် ယှဉ်ပြိုင်မှုတွေကိုရပ်တန့်သွားဖို့ အဓိပ္ပာယ်ပြည့်ဝတဲ့ ဆွေးနွေးမှု တွေကို သမ္မတ ရှီကျင့်ဖျင် ၊ သမ္မတ ဗလာဒီမီယာ ပူတင် တို့ စတင်နိုင်ငံမှာဖြစ်ကြောင်း အမေရိကန် သမ္မတ က ပြောပါတယ်။

အမေရိကန်နဲ့ တရုတ်တို့ရဲ့ဆက်ဆံရေးမှာ ကြီးမားတဲ့ခြေလှမ်း တစ်လှမ်းကို လှမ်းနိုင်ခဲ့ပြီလို့ အမေရိကန်သမ္မတ ကပြောပါတယ်။

တာလတ်ပစ် နျူကလီးယားလက်နက်ဆိုင်ရာ သဘောတူစာချုပ်ကို ရုရှားက ချိုးဖောက်တယ်လို့ ထောက်ပြပြီး အမေရိကန်ဟာ အဲဒီသဘောတူစာချုပ်ကနေ နုတ်ထွက်မယ်လို့ အောက်တိုဘာလမှာ အမေရိကန် သမ္မတ ကပြောခဲ့ပါတယ်။

?bph6