လောင်စာခွန် တိုးမြှင့်ကောက်ခံမယ့်အစီစဉ်  ပြင်သစ် ဆိုင်းငံ့

0
52




 

<>>>>>>>>>>>>>>>>>>>>>>

 

လောင်စာခွန် တိုးမြှင့်ကောက်ခံမယ့်အစီစဉ် ပြင်သစ် ဆိုင်းငံ
ပြင်သစ်ဝန်ကြီးချုပ် အက်ဒ်ဝဒ်ဖိလစ် က နောက်လထဲမှာ စတင်လုပ်ဆောင်ဖို့ စီစဉ်ထားတဲ့ လောင်စာခွန် တိုးမြှင့်ကောက်ခံရေး အစီအစဉ်ကို ၆ လကြာ ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြင်သစ်မီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။
အဲဒီအစီအစဉ်ကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ နိုင်ငံတစ်ဝန်းမှာ ဖြစ်ခဲ့ပြီးနောက် အခုလို ဆုံးဖြတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
သမ္မတမာခရွန်ဟာ သူ့ရဲ့အဓိကမူဝါဒတွေထဲကတစ်ခုဖြစ်တဲ့ ကမ္ဘာကြီးပူနွေးလာမှု ကိုင်တွယ် ဖြေရှင်းရေး အတွက် ဆောင်ရွက်ချက်တစ်စိတ်တစ်ပိုင်းအနေနဲ့ လောင်စာခွန်တိုးမြှင့်ကောက်ခံဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံမှာ ပြီးခဲ့တဲ့လတွေကတည်းက လောင်စာဆီ ဈေးနှုန်းမြင့်တက်မှုတွေကို ဆန္ဒပြခဲ့ရာ အကြမ်းဖက် တိုက်ခိုက်မှုတွေဖြစ်လာခဲ့ပြီး ကားတွေ မီးရှို့တာတွေ၊ ဆန္ဒပြသမားတွေ ဖမ်းဆီးခံရတာတွေအပြင် ရဲတွေနဲ့ ဆန္ဒပြသူတွေလည်း အဖမ်းခံခဲ့ရပါတယ်။

?bph6