ျပင္းအား ၇ ဒသမ ၅ ငလ်င္ေၾကာင့္ နယူး ကာလီဒိုနီးယားမွာ ဆူနာမီ သတိေပးခ်က္ ထုတ္ျပန္

1
103

ေတာင္ပစိဖိတ္ သမုဒၵရာထဲက ျပင္သစ္ပိုင္ နယူး ကာလီဒိုနီးယားမွာ ဒီေန႔ ဒီဇင္ဘာလ ၅ ရက္ေန႔က လႈပ္သြားတဲ့ ျပင္းအား ၇ ဒသမ ၅ မဂၢနီက်ဳရွိ ငလ်င္ေၾကာင့္ ဆူနာမီ သတိေပးခ်က္ ထုတ္ျပန္ၿပီး ကြ်န္းေပၚမွာ ေနထိုင္သူေတြကို ခိုလံႈေရးစခန္းဆီ ေျပာင္းေရႊ႕ၾကဖို႔ ညႊန္ၾကားလိုက္ပါတယ္။

ဆူနာမီ လိႈင္းေတြ ေတြ႔ရွိေနရတယ္လို႔ ပစိဖိတ္ ဆူနာမီ သတိေပးစင္တာက ေျပာေပမယ့္ ေနရာအတိအက်ကို ေျပာဆိုျခင္း မရွိပါဘူး။ နယူးဇီလန္ ႏိုင္ငံရဲ႕ ေျမာက္ပိုင္းဘက္မွာ ရွိတဲ့ နယူး ကာလီဒိုနီးယားမွာ ေနထိုင္သူေတြ အလ်င္အျမန္ ခိုလံႈေရးစခန္းေတြကို သြားၾကဖို႔ မက္ေဆ့ခ်္ေတြ လက္ခံရရွိထားပါတယ္။

ကမ္းေျခတခ်ိဳ႕မွာ ဆူနာမီလိႈင္းေတြ ေတြ႔ေနရေၾကာင္း၊ ငလ်င္ဗဟိုခ်က္ကေန ကီလီမီတာ ၁ ေထာင္အတြင္း ကမ္း႐ိုးတမ္းေနရာေတြဟာ အႏၱရာယ္ဇုန္ ျဖစ္တယ္လို႔ ပစိဖိတ္ ဆူနာမီ သတိေပးစင္တာက ေၾကညာထားပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပြင်းအား ၇ ဒသမ ၅ ငလျင်ကြောင့် နယူး ကာလီဒိုနီးယားမှာ ဆူနာမီ သတိပေးချက် ထုတ်ပြန်

တောင်ပစိဖိတ် သမုဒ္ဒရာထဲက ပြင်သစ်ပိုင် နယူး ကာလီဒိုနီးယားမှာ ဒီနေ့ ဒီဇင်ဘာလ ၅ ရက်နေ့က လှုပ်သွားတဲ့ ပြင်းအား ၇ ဒသမ ၅ မဂ္ဂနီကျုရှိ ငလျင်ကြောင့် ဆူနာမီ သတိပေးချက် ထုတ်ပြန်ပြီး ကျွန်းပေါ်မှာ နေထိုင်သူတွေကို ခိုလှုံရေးစခန်းဆီ ပြောင်းရွှေ့ကြဖို့ ညွှန်ကြားလိုက်ပါတယ်။

ဆူနာမီ လှိုင်းတွေ တွေ့ရှိနေရတယ်လို့ ပစိဖိတ် ဆူနာမီ သတိပေးစင်တာက ပြောပေမယ့် နေရာအတိအကျကို ပြောဆိုခြင်း မရှိပါဘူး။ နယူးဇီလန် နိုင်ငံရဲ့ မြောက်ပိုင်းဘက်မှာ ရှိတဲ့ နယူး ကာလီဒိုနီးယားမှာ နေထိုင်သူတွေ အလျင်အမြန် ခိုလှုံရေးစခန်းတွေကို သွားကြဖို့ မက်ဆေ့ချ်တွေ လက်ခံရရှိထားပါတယ်။

ကမ်းခြေတချို့မှာ ဆူနာမီလှိုင်းတွေ တွေ့နေရကြောင်း၊ ငလျင်ဗဟိုချက်ကနေ ကီလီမီတာ ၁ ထောင်အတွင်း ကမ်းရိုးတမ်းနေရာတွေဟာ အန္တရာယ်ဇုန် ဖြစ်တယ်လို့ ပစိဖိတ် ဆူနာမီ သတိပေးစင်တာက ကြေညာထားပါတယ်။

?bph6