အေမရိကန္နယ္စပ္ ၿခံစည္း႐ိုးကို ေက်ာ္တက္ၿပီး ေရႊ႕ေျပာင္းသြားလာသူေတြကို ဖမ္းဆီး

0
110

အေမရိကန္ႏုိင္ငံ နယ္စပ္နားကိုေရာက္ရွိေနတဲ့  ေရႊ႕ေျပာင္းသြားလာသူ ဒါဇင္ခ်ီဟာ အေမရိကန္ – မကၠဆီကို နယ္စပ္ၿခံစည္းကို ေက်ာ္တက္ဖုိ႔ ႀကိဳးပမ္းခဲ့ေၾကာင္း ၊  အခ်ိဳ႕မွာ ထြက္ေျပးခဲ့ေပမယ့္ အမ်ားစုကေတာ့ အေမရိကန္ နယ္ျခားေစာင့္ တပ္ဖြဲ႕ရဲ႕ ဖမ္းဆီးမႈကို ခံခဲ့ရပါတယ္။

ေရႊ႕ေျပာင္းသြားလာသူေတြဟာ အေမရိကန္ႏုိင္ငံထဲကို တရားမ၀င္၀င္ေရာက္ဖုိ႔ ႀကိဳးပမ္းေနသူေတြျဖစ္လာ ပါတယ္။  အေမရိက အလယ္ပိုင္းေဒသက လူေထာင္ခ်ီဟာ အေမရိကန္ႏိုင္ငံ ကို ၀င္ေရာက္ႏုိင္ဖုိ႔ ႀကိဳးပမ္းေန ခဲ့ၿပီး ယာယီခုိလႈံေရးစခန္းကေန  အေမရိကန္ႏိုင္ငံထဲကို ၀င္ေရာက္ဖို႔ ႀကိဳးပမ္းလာေနတာျဖစ္ပါတယ္။

ေရႊ႕ေျပာင္းသြားလာသူအုပ္စုေတြဟာ အေမရိကန္ႏိုင္ငံထဲကို ၀င္ေရာက္ႏုိင္ဖုိ႔ မုိင္ေပါင္း ၂၅၀၀ ေက်ာ္ ခရီးႏွင့္ခဲ့ၿပီး အေမရိကန္ -မကၠဆီကို ေအာက္တုိဘာ အလယ္ပိုင္းတည္းက ေရာက္ရွိေနခဲ့တာပါ။

 

<>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန်နယ်စပ် ခြံစည်းရိုးကို ကျော်တတ်ပြီး ရွှေ့ပြောင်းသွားလာသူတွေကို ဖမ်းဆီး
အမေရိကန်နိုင်ငံ နယ်စပ်နားကိုရောက်ရှိနေတဲ့ ရွှေ့ပြောင်းသွားလာသူ ဒါဇင်ချီဟာ အမေရိကန် – မက္ကဆီကို နယ်စပ်ခြံစည်းကို ကျော်တက်ဖို့ ကြိုးပမ်းခဲ့ကြောင်း ၊ အချို့မှာ ထွက်ပြေးခဲ့ပေမယ့် အများစုကတော့ အမေရိကန် နယ်ခြားစောင့် တပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။
ရွှေ့ပြောင်းသွားလာသူတွေဟာ အမေရိကန်နိုင်ငံထဲကို တရားမဝင်ဝင်ရောက်ဖို့ ကြိုးပမ်းနေသူတွေဖြစ်လာ ပါတယ်။ အမေရိက အလယ်ပိုင်းဒေသက လူထောင်ချီဟာ အမေရိကန်နိုင်ငံ ကို ဝင်ရောက်နိုင်ဖို့ ကြိုးပမ်းနေ ခဲ့ပြီး ယာယီခိုလှုံရေးစခန်းကနေ အမေရိကန်နိုင်ငံထဲကို ဝင်ရောက်ဖို့ ကြိုးပမ်းလာနေတာဖြစ်ပါတယ်။
ရွှေ့ပြောင်းသွားလာသူအုပ်စုတွေဟာ အမေရိကန်နိုင်ငံထဲကို ဝင်ရောက်နိုင်ဖို့ မိုင်ပေါင်း ၂၅၀ဝ ကျော် ခရီးနှင့်ခဲ့ပြီး အမေရိကန် -မက္ကဆီကို အောက်တိုဘာ အလယ်ပိုင်းတည်းက ရောက်ရှိနေခဲ့တာပါ။

?bph6