
0
83




<>>>>>>>>>>>>>>>>>>>>>>>>>

ဆောက်လုပ်ရေးလုပ်သား ၃၀ ကျော် အသတ်ခံရကြောင်း တိုင်ကြားမှု အင်ဒိုနီးရှား အာဏာပိုင်တွေ စစ်ဆေး
အင်ဒိုနီးရှားနိုင်ငံ၊ ပါပူဝါပြည်နယ်မှာ ခွဲထွက်ရေးသမားတွေက ဆောက်လုပ်ရေးလုပ်သား ၃၁ ဦးကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ တိုင်ကြားချက်ကို စတင်စုံစမ်းနေပြီဖြစ်ကြောင်း ပြည်သူ့ အလုပ်အကိုင်ရေးရာဝန်ကြီး ဘူဒီဟာဒီမူဂျိုနိုက ပြောပါတယ်။
တိုင်ကြားချက်က အမှန်ဖြစ်မယ်ဆိုရင် ခွဲထွက်ရေးသမားတွေရဲ့ သောင်းကြမ်းမှု နှစ်များစွာ အတွင်းမှာ ဒါဟာ အသေအပျောက်စာရင်း အများဆုံးဖြစ်ကြောင်း၊ အဲဒီဒေသမှာရှိတဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေ အားလုံးလည်း ခေတ္တရပ်ဆိုင်းထားမှာ ဖြစ်ကြောင်း ဝန်ကြီး ဘူဒီက ပြောကြားခဲ့ပါတယ်။
အလုပ်သမားတွေဟာ ဒီဇင်ဘာလ ၂ ရက်နေ့က ပစ်သတ်ခံရတာဖြစ်ကြောင်း ဒေသခံ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

?bph6