ပါကစၥတန္မွာ ဂ်ာနယ္လစ္တစ္ဦး ပစ္သတ္ခံရ

0
776

ပါကစၥတန္ အေနာက္ေျမာက္ပိုင္းမွာ ႐ုပ္သံဂ်ာနယ္လစ္တစ္ဦး လိုက္ပါလာတဲ့ယာဥ္ ေသနတ္နဲ႔ အပစ္ခံရလို႔ ဒဏ္ရာရရွိၿပီး ေသဆံုးသြားတယ္လို႔ ပါကစၥတန္ ရဲတပ္ဖြဲ႔က ေျပာပါတယ္။

မေန႔က ဒီဇင္ဘာလ ၃ ရက္ေန႔ ညက ႐ုပ္သံ ဂ်ာနယ္လစ္ ႏူရ္ အူလ္ဟက္ဆန္ဟာ ပက္ရွဝါၿမိဳ႕မွာ ပစ္ခတ္ခံရတာျဖစ္ၿပီး ေသနတ္ဒဏ္ရာနဲ႔ ေသဆံုးခဲ့တယ္လို႔ ခ႐ိုင္ရဲခ်ဳပ္ ရာမန္က ေျပာပါတယ္။ တိုက္ခိုက္မႈဟာ ဘယ္သူ႔လက္ခ်က္လဲဆိုတာ မသိရေသးဘဲ တိုက္ခိုက္ရတဲ့အေၾကာင္းရင္းကို စံုစမ္းစစ္ေဆးေနဆဲ ျဖစ္ပါတယ္။

ဟက္ဆန္ဟာ ေဒသတြင္း ႐ုပ္သံဌာနမွာ အလုပ္လုပ္ေနတာျဖစ္ၿပီး ရန္သူလည္း မရွိပါဘူး။ ပါကစၥတန္ႏို္င္ငံမွာ ဂ်ာနယ္လစ္ေတြကို တိုက္ခိုက္တာဟာ ျဖစ္ေနၾက ျဖစ္ၿပီး လက္သည္ မေပၚတာက မ်ားပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပါကစ္စတန်မှာ ဂျာနယ်လစ်တစ်ဦး ပစ်သတ်ခံရ
ပါကစ္စတန် အနောက်မြောက်ပိုင်းမှာ ရုပ်သံဂျာနယ်လစ်တစ်ဦး လိုက်ပါလာတဲ့ယာဉ် သေနတ်နဲ့ အပစ်ခံရလို့ ဒဏ်ရာရရှိပြီး သေဆုံးသွားတယ်လို့ ပါကစ္စတန် ရဲတပ်ဖွဲ့က ပြောပါတယ်။
မနေ့က ဒီဇင်ဘာလ ၃ ရက်နေ့ ညက ရုပ်သံ ဂျာနယ်လစ် နူရ် အူလ်ဟက်ဆန်ဟာ ပက်ရှဝါမြို့မှာ ပစ်ခတ်ခံရတာဖြစ်ပြီး သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ ခရိုင်ရဲချုပ် ရာမန်က ပြောပါတယ်။ တိုက်ခိုက်မှုဟာ ဘယ်သူ့လက်ချက်လဲဆိုတာ မသိရသေးဘဲ တိုက်ခိုက်ရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။
ဟက်ဆန်ဟာ ဒေသတွင်း ရုပ်သံဌာနမှာ အလုပ်လုပ်နေတာဖြစ်ပြီး ရန်သူလည်း မရှိပါဘူး။ ပါကစ္စတန်နိ်ုင်ငံမှာ ဂျာနယ်လစ်တွေကို တိုက်ခိုက်တာဟာ ဖြစ်နေကြ ဖြစ်ပြီး လက်သည် မပေါ်တာက များပါတယ်။