ဗဟို ဥေရာပ တကၠသိုလ္ ဟန္ေဂရီကေန ဗီယင္နာကို ေျပာင္းမယ္

0
105

လာမယ့္ႏွစ္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလမွာ အေမရိကန္နဲ႔ ပူးတြဲထားတဲ့ ဘာသာရပ္ အစီအစဥ္ေတြကို ဟန္ေဂရီႏိုင္ငံကေန ၾသစတီးယားႏိုင္ငံ၊ ဗီယင္နာၿမိဳ႕ကို ေျပာင္းေရႊ႕မယ္လို႔ ဗဟို ဥေရာပ တကၠသိုလ္ (CEU) က ေၾကညာလိုက္ပါတယ္။

ဟန္ေဂရီဖြား အေမရိကန္ သူေဌးႀကီး ေဂ်ာ့ဂ်္ ဆိုေရာ့စ္ တည္ေထာင္တဲ့ ဗဟို ဥေရာပ တကၠသိုလ္ဟာ ဟန္ေဂရီကေန ထြက္ခြာသြားေအာင္ အလုပ္ခံရတာျဖစ္တယ္လို႔ မေန႔က ဒီဇင္ဘာလ ၃ ရက္ေန႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ဟန္ေဂရီ ဝန္ႀကီးခ်ဳပ္ ဗစ္တာ ေအာ္ဘန္း အစိုးရက ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလက စၿပီး ေက်ာင္းသားသစ္ လက္ခံခြင့္ကို ပိတ္ပင္တဲ့ ဥပေဒကို အတည္ျပဳလိုက္လို႔ ျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

ဆိုဗီယက္ ယူနီယံ ၿပိဳကြဲၿပီးေနာက္ ဒီမိုကေရစီ မူေတြကို ျမွင့္တင္ေရး ရည္ရြယ္ခ်က္နဲ႔ တည္ေထာင္ခဲ့တဲ့ ဒီတကၠသိုလ္ကို ဟန္ေဂရီ အစိုးရက ႏိုင္ငံထဲမွာ မရပ္တည္ႏိုင္ေအာင္ လုပ္တာလို႔ ေဝဖန္သူေတြက ေျပာပါတယ္။ ဝန္ႀကီးခ်ဳပ္ ေအာ္ဘန္းကလည္း သူေဌးႀကီး ဆိုေရာ့စ္ကို သိသိသာသာ ပစ္မွတ္ထားခဲ့ၿပီး အေမရိကန္မွာ တကၠသိုလ္ ပရဝုဏ္မရွိဘဲ အေမရိကန္ အသိအမွတ္ျပဳ ဘြဲ႔ဒီဂရီေပးတာကိုလည္း ေအာ္ဘန္းအစိုးရက ေဝဖန္ခဲ့ပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗဟို ဥရောပ တက္ကသိုလ် ဟန်ဂေရီကနေ ဗီယင်နာကို ပြောင်းမယ်

လာမယ့်နှစ် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလမှာ အမေရိကန်နဲ့ ပူးတွဲထားတဲ့ ဘာသာရပ် အစီအစဉ်တွေကို ဟန်ဂေရီနိုင်ငံကနေ သြစတီးယားနိုင်ငံ၊ ဗီယင်နာမြို့ကို ပြောင်းရွှေ့မယ်လို့ ဗဟို ဥရောပ တက္ကသိုလ် (CEU) က ကြေညာလိုက်ပါတယ်။

ဟန်ဂေရီဖွား အမေရိကန် သူဌေးကြီး ဂျော့ဂျ် ဆိုရော့စ် တည်ထောင်တဲ့ ဗဟို ဥရောပ တက္ကသိုလ်ဟာ ဟန်ဂေရီကနေ ထွက်ခွာသွားအောင် အလုပ်ခံရတာဖြစ်တယ်လို့ မနေ့က ဒီဇင်ဘာလ ၃ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာ အော်ဘန်း အစိုးရက ၂၀၁၉ ခုနှစ် ဇန်နဝါရီလက စပြီး ကျောင်းသားသစ် လက်ခံခွင့်ကို ပိတ်ပင်တဲ့ ဥပဒေကို အတည်ပြုလိုက်လို့ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဆိုဗီယက် ယူနီယံ ပြိုကွဲပြီးနောက် ဒီမိုကရေစီ မူတွေကို မြှင့်တင်ရေး ရည်ရွယ်ချက်နဲ့ တည်ထောင်ခဲ့တဲ့ ဒီတက္ကသိုလ်ကို ဟန်ဂေရီ အစိုးရက နိုင်ငံထဲမှာ မရပ်တည်နိုင်အောင် လုပ်တာလို့ ဝေဖန်သူတွေက ပြောပါတယ်။ ဝန်ကြီးချုပ် အော်ဘန်းကလည်း သူဌေးကြီး ဆိုရော့စ်ကို သိသိသာသာ ပစ်မှတ်ထားခဲ့ပြီး အမေရိကန်မှာ တက္ကသိုလ် ပရဝုဏ်မရှိဘဲ အမေရိကန် အသိအမှတ်ပြု ဘွဲ့ဒီဂရီပေးတာကိုလည်း အော်ဘန်းအစိုးရက ဝေဖန်ခဲ့ပါတယ်။