
0
119




<>>>>>>>>>>>>>>>>>>>>>>>>>>>

သေနတ်သမားတွေက အကျဉ်းသား လုယူမှု မက္ကဆီကိုရဲ ခြောက်ဦး သေဆုံး
မက္ကဆီကို အနောက်ပိုင်းမှာ အကျဉ်းသားတစ်ဦးကို ထောင်လွှဲပြောင်းစဉ် သေနတ်သမားတွေက ကြားဖြတ်လုယူဖို့ ကြိုးပမ်းရာမှာ ရဲ ခြောက်ဦး အသတ်ခံခဲ့ရပါတယ်။
မနေ့က ဒီဇင်ဘာလ ၃ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ အကျဉ်းသား လုယူမှုဟာ အန်ဒရေ မန်နျူယယ် လိုပက် အိုဘရာဒို သမ္မအဖြစ် တာဝန်ယူတဲ့ ဒီဇင်ဘာလ ၁ ရက်နေ့ နောက်ပိုင်း အဆိုးရွားဆုံး ရာဇဝတ်မှု ဖြစ်ပါတယ်။ လာဟာတာ မြို့အနီး အဝေးပြေးလမ်းမမှာ ကားသုံးစီးနဲ့ သေနတ်သမားတွေဟာ ရဲတွေကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
သေနတ်သမားတွေထဲက တစ်ဦးကို ဒဏ်ရာနဲ့ အရှင်ဖမ်းမိခဲ့ပြီး ရဲအရာရှိတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။ တခြား သေနတ်သမားတွေကတော့ လွတ်မြောက်သွားပြီး လမ်းကို ကားတွေနဲ့ပိတ်ကာ မီးရှို့ထားခဲ့ပါတယ်။ အဲဒီနယ်မြေဟာ မူယစ်ရာဇာ ဂျာလစ္စကိုရဲ့ မျိုးဆက်တွေ ကြီးစိုးတဲ့ ဒေသ ဖြစ်ပါတယ်။