အေမရိကန္ သမၼတေဟာင္း  ေဂ်ာ့ဘုရွ္႕(စီနီယာ) ကြယ္လြန္

0
581

အေမရိကန္ သမၼတေဟာင္းေဂ်ာ့ဘုရွ္ (စီနီယာ)  ဟာ ႏို၀င္ဘာ ၃၀ ရက္ေန႔ က ကြယ္လြန္သြားခဲ့ၿပီျဖစ္ေၾကာင္း သားျဖစ္သူ သမၼတေဟာင္း  ေဂ်ာ့ဘုရွ္႕ က ေျပာပါတယ္။

ဧၿပီလကလည္း က်န္းမာေရးမေကာင္းသျဖင့္ေဆးရံုတက္ခဲ့ရၿပီး ေသဆံုးခ်ိန္မွာ အသက္ ၉၄ ႏွစ္အရြယ္ရွိေနပါတယ္။ ေဂ်ာ့ဘုရွ္(စီနီယာ) ဟာ အေမရိကန္ ဒုတိယသမၼတအျဖစ္ ႏွစ္ၾကိမ္တာ၀န္ယူခဲ့ၿပီးေနာက္ ၁၉၈၉ ခုႏွစ္မွ ၁၉၉၃ ခုႏွစ္ အထိ အေမရိကန္   ႏိုင္ငံရဲ႕ ၄၁ ေယာက္ေျမာက္ သမၼတ တာဝန္ယူခဲ့သူျဖစ္ပါတယ္။

၄င္းဟာ ပါကင္ဆန္ ေရာဂါသည္ တစ္ဦးျဖစ္ရာ ႏွစ္အတန္ၾကာ ဘီးတပ္ကုလားထိုင္ျဖင့္ သြားလာေနခဲ့ရၿပီး

ၿပီးခဲတဲ့ လပိုင္းမ်ားအတြင္း က်န္းမာေရး အေျခအေန ဆုတ္ယုတ္လာခဲ့သူျဖစ္ပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>

 

အမေရိကန် သမ္မတဟောင်း ဂျော့ဘုရှ့်(စီနီယာ) ကွယ်လွန်

အမေရိကန် သမ္မတဟောင်းဂျော့ဘုရှ် (စီနီယာ) ဟာ နိုဝင်ဘာ ၃၀ ရက်နေ့ က ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း သားဖြစ်သူ သမ္မတဟောင်း ဂျော့ဘုရှ့် က ပြောပါတယ်။

ဧပြီလကလည်း ကျန်းမာရေးမကောင်းသဖြင့်ဆေးရုံတက်ခဲ့ရပြီး သေဆုံးချိန်မှာ အသက် ၉၄ နှစ်အရွယ်ရှိနေပါတယ်။ ဂျော့ဘုရှ်(စီနီယာ) ဟာ အမေရိကန် ဒုတိယသမ္မတအဖြစ် နှစ်ကြိမ်တာဝန်ယူခဲ့ပြီးနောက် ၁၉၈၉ ခုနှစ်မှ ၁၉၉၃ ခုနှစ် အထိ အမေရိကန် နိုင်ငံရဲ့ ၄၁ ယောက်မြောက် သမ္မတ တာဝန်ယူခဲ့သူဖြစ်ပါတယ်။

၄င်းဟာ ပါကင်ဆန် ရောဂါသည် တစ်ဦးဖြစ်ရာ နှစ်အတန်ကြာ ဘီးတပ်ကုလားထိုင်ဖြင့် သွားလာနေခဲ့ရပြီး
ပြီးခဲတဲ့ လပိုင်းများအတွင်း ကျန်းမာရေး အခြေအနေ ဆုတ်ယုတ်လာခဲ့သူဖြစ်ပါတယ်။