
0
787




 

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

အသက် ၁၆ နှစ်နဲ့ ၆၀ ကြားရှိ ရုရှား နိုင်ငံသားတွေကို ယူကရိန်း နိုင်ငံထဲဝင်ခွင့်ပိတ်ပင်

ယူကရိန်းနိုင်ငံဟာ စစ် အုပ်ချုပ်ရေး သတ်မှတ်လိုက်ပြီးနောက် နိုင်ငံအတွင်းကို အသက် ၁၆ နှစ်နဲ့ အသက် ၆၀ ကြားရှိ ရုရှားအမျိုးသားတွေကို ဝင်ခွင့်ပြုမှာမဟုတ်ဘူးလို့ ကြေငြာလိုက်ပါတယ်။

အသုဘအခမ်းနားလိုမျိုး လူသားချင်းဆိုင်ရာ အကူညီပေးရေး လုပ်ငန်းမှလွဲပြီး အခြားလုပ်ငန်းတွေလုပ်ဖို့ ရုရှားနိုင်ငံသားတွေကို နိုင်ငံထဲဝင်ခွင့်ပေးမှာမဟုတ်ပါဘူး၊ ယူကရိန်းနိုင်ငံဟာ နိုဝင်ဘာ ၃၀ ရက်နေ့က ယူကရိန်းနိုင်ငံရှိ ဒေသ ၁၀ ခုကို စစ်အုပ်ချုပ်ရေး သတ်မှတ်လိုက်ပြီး ဒီဇင်ဘာ ၂၆ ရက်နေ့အထိ စစ်အုပ်ချုပ်ရေး သတ်မှတ်ပြဌာန်းခဲ့ပါတယ်။

ရုရှားနိုင်ငံဟာ ခရိုင်းမီးယား ဒေသရေပိုင်နက်မှာ ယူကရိန်း စစ်သင်္ဘောသုံးစင်း နဲ့ ယူကရိန်း သင်္ဘောသား ၂၄ ဦးကို ဖမ်းဆီးခဲ့ပြီးနောက် ယူကရိန်း နဲ့ ရုရှားကြား တင်းမာမှုမြင့်တက်ခဲ့ပြီး ယူကရိန်းက စစ်အုပ်ချုပ်ရေး သတ်မှတ်လိုက်တာဖြစ်ပါတယ်။