စင္ကာပူ၀န္ႀကီးခ်ဳပ္ေနရာကို ဘ႑ေရး၀န္ႀကီး ဆက္ခံဖြယ္ရွိေန

0
539

စင္ကာပူဘ႑ေရး၀န္ႀကီး ဟန္႔ေဆြကိတ္ ဟာ စင္ကာပူ ၀န္ႀကီးခ်ဳပ္ ျဖစ္လာဖုိ႔အလားလာ မ်ားေနေၾကာင္း  သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

 

စင္ကာပူအာဏာရပါတီ ဟာ  ၀န္ႀကီးခ်ဳပ္ေနရာကို ဆက္ခံမႈမ်ားတဲ့  ပါတီလက္ေထာက္အေထြေထြ အတြင္းေရး မွဴးေနရာအတြက္ ဟန္႔ေဆြကိတ္ကို  ေရြးခ်ယ္ခန္႔အပ္ဖြယ္ ရွိေနပါတယ္။


စင္ကာပူ အာဏရပါတီ ျပည္သူအေရးပါတီ လက္ေထာက္အေထြေထြ အတြင္းေရးမွဴးေနရာအတြက္ စင္ကာပူ ဘ႑ေရး၀န္ႀကီးဟန္႔ေဆြကိတ္ နဲ႔  ကုန္သြယ္ေရး၀န္ႀကီး ခ်န္ခ်န္ဆင္တုိ႔ အၿပိဳင္ၾကိဳးပမ္းေနပါတယ္။

လက္ရွိ စင္ကာပူ၀န္ႀကီးခ်ဳပ္ လီရွန္လြန္း ဟာ  လာမယ့္ႏွစ္ေတြအတြင္း ၀န္ႀကီးခ်ဳပ္ရာထူးမွ ႏုတ္ထြက္မယ္လုိ႔ ေၾကညာထားၿပီးျဖစ္ပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>

 

စင်ကာပူဝန်ကြီးချုပ်နေရာကို ဘဏ္ဍရေးဝန်ကြီး ဆက်ခံဖွယ်ရှိနေ

စင်ကာပူဘဏ္ဍရေးဝန်ကြီး ဟန့်ဆွေကိတ် ဟာ စင်ကာပူ ဝန်ကြီးချုပ် ဖြစ်လာဖို့အလားလာ များနေကြောင်း  သတင်းတွေက ဖော်ပြခဲ့ပါတယ်။

စင်ကာပူအာဏာရပါတီ ဟာ  ဝန်ကြီးချုပ်နေရာကို ဆက်ခံမှုများတဲ့  ပါတီလက်ထောက်အထွေထွေ အတွင်းရေး မှူးနေရာအတွက် ဟန့်ဆွေကိတ်ကို  ရွေးချယ်ခန့်အပ်ဖွယ် ရှိနေပါတယ်။

စင်ကာပူ အာဏရပါတီ ပြည်သူအရေးပါတီ လက်ထောက်အထွေထွေ အတွင်းရေးမှူးနေရာအတွက် စင်ကာပူ ဘဏ္ဍရေးဝန်ကြီးဟန့်ဆွေကိတ် နဲ့  ကုန်သွယ်ရေးဝန်ကြီး ချန်ချန်ဆင်တို့ အပြိုင်ကြိုးပမ်းနေပါတယ်။

လက်ရှိ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း ဟာ  လာမယ့်နှစ်တွေအတွင်း ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်မယ်လို့ ကြေညာထားပြီးဖြစ်ပါတယ်။