ႏိုင္ဂ်ီးရီယား ႏုိင္ငံမွာ လူေပါင္း ၅၀ ကို  ဘုိကိုဟာရမ္ စစ္ေသြးၾကြအဖြဲ႔ ျပန္ေပးဆြဲ

0
178

ႏိုင္ဂ်ီးရီးယား ႏုိင္ငံအေျခစိုက္ ဘုိကိုဟာရမ္စစ္ေသြးၾကြအဖြဲ႔ ဟာ နယ္စပ္ေဒသမွာ ႏို၀င္ဘာ ၂၂ ရက္က လႊဆဲြ  သမား ၅၀ ဦးကို ျပန္ေပးဆြဲခဲ့ေၾကာင္း ႏုိင္ဂ်ီးရီးယားျပည္သူစစ္အဖြဲ႔မ်ားက ထုတ္ေဖာ္ေျပာဆုိ လုိက္ပါတယ္။ ျပန္ေပးဆြဲခံရသူေတြ ဟာ စစ္ေဘးေရွာင္ေနသူေတြလည္းျဖစ္ပါတယ္။

 

ျပည္သူ႔စစ္အဖြဲ႔ေခါင္းေဆာင္ ယူမာ ကာခ်ာလာက     ဘုိကိုဟာရမ္စစ္ေသြးၾကြအဖြဲ႔ ဟာ လူ ၅၀ ေလာက္ ျပန္ေပး ဆြဲခဲ့ေပမယ့္ ဘယ္ေနရာကို ေခၚသြားတယ္ဆုိတာကို မသိေသးဘူးလို႔ ေျပာထားပါတယ္။  ႏုိင္ဂ်ီးရီးယားႏုိင္ငံဘုိႏုိ ျပည္နယ္ ဂမ္ဘုိရူ ၿမိဳ႕မွ ၂၅ ကီလုိမီတာ အကြာရွိ ဘူလာကီဆာ ရြာမွာ ဘုိကို ဟာရမ္စစ္ေသြးၾကြအဖြဲ႔က လႊဆဲြသမား မ်ားကို  ျပန္ေပးဆြဲခဲ့တာျဖစ္ပါတယ္။

ဘုိကိုဟာရမ္စစ္ေသြးၾကြအဖြဲ႔ ဟာ အစိုးရတပ္ဖြဲ႔ေတြကို အၾကမ္းဖက္တုိက္ခိုက္မႈေတြအျပင္  ေဒသခံေတြ ကိုလည္း ျပန္ေပးဆြဲမႈေတြလုပ္ေနရာ ၿပီးခဲ့တဲ့နွစ္ပိုင္းက ေက်ာင္းသူေတြကို ျပန္ေပးဆြဲခဲ့ဖူးပါတယ္။ ဘုိကုိဟာရမ္ စစ္ေသြးၾကြအဖြဲ႔ ရဲ႕တိုက္ခုိက္မႈေၾကာင့္ လူေထာင္ခ်ီေသဆံုးခဲ့ၿပီး  လူ ၂ သန္း ေဘးဒုကၡေရာက္ခဲ့ရပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>

 

နိုင်ဂျီးရီယား နိုင်ငံမှာ လူပေါင်း ၅၀ ကို  ဘိုကိုဟာရမ် စစ်သွေးကြွအဖွဲ့ ပြန်ပေးဆွဲ

နိုင်ဂျီးရီးယား နိုင်ငံအခြေစိုက် ဘိုကိုဟာရမ်စစ်သွေးကြွအဖွဲ့ ဟာ နယ်စပ်ဒေသမှာ နိုဝင်ဘာ ၂၂ ရက်က လွှဆွဲ  သမား ၅၀ ဦးကို ပြန်ပေးဆွဲခဲ့ကြောင်း နိုင်ဂျီးရီးယားပြည်သူစစ်အဖွဲ့များက ထုတ်ဖော်ပြောဆို လိုက်ပါတယ်။ ပြန်ပေးဆွဲခံရသူတွေ ဟာ စစ်ဘေးရှောင်နေသူတွေလည်းဖြစ်ပါတယ်။

ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ယူမာ ကာချာလာက     ဘိုကိုဟာရမ်စစ်သွေးကြွအဖွဲ့ ဟာ လူ ၅၀ လောက် ပြန်ပေး ဆွဲခဲ့ပေမယ့် ဘယ်နေရာကို ခေါ်သွားတယ်ဆိုတာကို မသိသေးဘူးလို့ ပြောထားပါတယ်။  နိုင်ဂျီးရီးယားနိုင်ငံဘိုနို ပြည်နယ် ဂမ်ဘိုရူ မြို့မှ ၂၅ ကီလိုမီတာ အကွာရှိ ဘူလာကီဆာ ရွာမှာ ဘိုကို ဟာရမ်စစ်သွေးကြွအဖွဲ့က လွှဆွဲသမား များကို  ပြန်ပေးဆွဲခဲ့တာဖြစ်ပါတယ်။

ဘိုကိုဟာရမ်စစ်သွေးကြွအဖွဲ့ ဟာ အစိုးရတပ်ဖွဲ့တွေကို အကြမ်းဖက်တိုက်ခိုက်မှုတွေအပြင်  ဒေသခံတွေ ကိုလည်း ပြန်ပေးဆွဲမှုတွေလုပ်နေရာ ပြီးခဲ့တဲ့နှစ်ပိုင်းက ကျောင်းသူတွေကို ပြန်ပေးဆွဲခဲ့ဖူးပါတယ်။ ဘိုကိုဟာရမ် စစ်သွေးကြွအဖွဲ့ ရဲ့တိုက်ခိုက်မှုကြောင့် လူထောင်ချီသေဆုံးခဲ့ပြီး  လူ ၂ သန်း ဘေးဒုက္ခရောက်ခဲ့ရပါတယ်။

?bph6