
0
666




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဖိလစ်ပိုင် ပင်လယ်အတွင်း အမေရိကန် လေယာဉ်ပျက်ကျ

အမေရိကန် တိုက်လေယာဉ်တစ်စင်းဟာ မနေ့ နိုဝင်ဘာ ၁၂ ရက်နေ့က ဖိလစ်ပိုင် ပင်လယ်ထဲ ပျက်ကျသွားခဲ့ပါတယ်။

အမေရိကန်ရေတပ်သုံး U.S F/A 18 တိုက်လေယာဉ်ဟာ သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း ပျံသန်းချိန်အတွင်း စက်ချို့ယွင်းမှုတွေကြောင့် ပျက်ကျသွားခဲ့တာ ဖြစ်တယ်လို့ အမေရိကန်ရေတပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

လေယာဉ်ပျက်ကျခဲ့ပေမယ့် လေယာဉ်မှုးနှစ်ဦးကို ကယ်တင်နိုင်ခဲ့ပြီး အခြေအနေ ကောင်းမွန်ပါတယ်။ အမေရိကန် အစိုးရတာဝန်ရှိသူတွေက လေယာဉ်ပျက်ကျရတဲ့ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးသွားမယ်လို့ ပြောပါတယ်။

?bph6