
0
54




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရီပတ်ဘလီကန်ပါတီ ကြားဖြတ်ရွေးကောက်ပွဲမှာ အထက်လွှတ်တော်နေရာများ အနိုင်ရ

အမေရိကန်နိုင်ငံမှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရီပတ်ဘလီကန် ပါတီက အထက်လွှတ်တော်နေရာများကို အနိုင်ရသွားခဲ့ပါတယ်။

ပြိုင်ဘက်ဒီမိုကရက်တစ်ပါတီကတော့ အောက်လွှတ်နေရာများကို အနိုင်ရခဲ့ပါတယ်။ ရီပတ်ဘလီကန်ပါတီဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ အင်ဒီယားနား၊ တက်ဆက်နဲ့ မြောက်ဒါကိုတာ ပြည်နယ်တိုမှာ အဓိက အနိုင်ရ သွားခဲ့ပါတယ်။ ဒီမိုကရက်တစ်ပါတီကတော့ ကြားဖြတ်ရွေးကောက်ပွဲမှာ အောက်လွှတ်နေရာအတွက် နေရာဒါဇင်ကျော် အနိုင်ရခဲ့ပါတယ်။

ရီပတ်ဘလီကန်ပါတီဟာ ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရသွားခဲ့ခြင်းကြောင့် အထက်လွှတ်တော်မှာ အမတ်ဦးရေ ၅၁ ဦး ရှိသွားခဲ့ပါတယ်။

?bph6