
0
68




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နည်းပြမော်ရင်ဟို စိတ်ပျက်စေချင်တာကြောင့် အသင်းကနေထွက်ခဲ့လို့ မန်ယူတိုက်စစ်မှူးဟောင်း ဆို

မန်ယူတိုက်စစ်မှူးဟောင်း မိုဗစ်က နည်းပြမော်ရင်ဟိုကို စိတ်ပျက်စေမှုတွေ မဖြစ်စေလိုတာကြောင့် မန်ယူအသင်းကနေ မေဂျာလိဂ်ကို ပြောင်းခဲ့တာဖြစ်တယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။

ဝါရင့်တိုက်စစ်မှူး မိုဗစ်ဟာ မန်ယူအသင်းနဲ့ စာချုပ် သက်တမ်းကုန်ဆုံးပြီးနောက် ဂလက်ဇီအသင်းကို ပြောင်းခဲ့သူ ဖြစ်ပါတယ်။

မိုဗစ်ဟာ မန်ယူအသင်းကို ပြောင်းရွှေတဲ့ ပထမရာမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ပြိုင်ပွဲစုံမှာ ဂိုးပေါင်း ၂၈ ဂိုး သွင်းနိုင်ခဲ့ပါတယ်။ မိုဗစ်က သူ့အနေနဲ့ နည်းပြမော်ရင်ဟိုအတွက် ကောင်းမွန်စေမယ့်အရာတွေ မလုပ်နိုင် တာကြောင့် အသင်းကနေ ထွက်ခဲ့တာဖြစ်ကြောင်း၊ ခြေစွမ်းပြ ကစားနိုင်ဦးမယ်ဆိုရင် အသင်းမှာ ဆက်ကစားမှာဖြစ်ပေမယ့် အသင်းနည်းပြကို စိတ်မပျက်စေလိုတာကြောင့် အသင်းမှ ထွက်ခဲ့တာဖြစ်ကြောင်း တိုက်စစ်မှူးမိုဗစ်က ပြောပါတယ်။

?bph6