
0
74




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လီဗာပူအသင်း နောက်တန်းပိုင်း အားနည်းချက်တွေရှိနေ

လီဗာပူအသင်းဟာ လာမယ့် ၅ နှစ်အတွင်း အဓိက ဆုဖလားတွေကို စိန်ခေါ်နိုင်စွမ်း ရှိမှာဖြစ်ကြောင်း လီဗာပူး ကွင်းလယ်လူဟောင်း ဒန်နီမာဖီက ပြောပါတယ်။

မာဖီက အဓိက ဆုဖလားတွေကို စိန်ခေါ်နိုင်ဖို့ နောက်တန်းပိုင်း အားနည်းချက်ကို ပြင်ဆင်ရမှာဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ နှစ်တွေအတွင်း လီဗာပူအသင်းရဲ့ ခံစစ်ကစားပုံ အားနည်းချက် ပြဿနာတွေ ရှိနေခဲ့ကြောင်း ပြောပါတယ်။

နည်းပြ ကလော့ဟာ လီဗာပူအသင်းကို ချန်ပီယံဆုတွေ ရယူနိုင်အောင် အင်အားဖြည့်တင်းမှုတွေ လုပ်ခဲ့ပြီး နောက်တန်းပိုင်းမှာ ဗဟိုခံစစ်သမား ဗန်ဒစ်၊ ဂိုးသမား အေလစ်ဆန်တို့ကို ခေါ်ယူ အားဖြည့်ခဲ့ပါတယ်။ လီဗာပူ အသင်းဟာ လက်ရှိထက် စုစည်းညီညွတ်စွာ ကစားမယ်ဆိုရင် နောက်တန်းပိုင်း ပိုမို အားကောင်း လာနိုင်တယ်လို့လည်း မာဖီက သုံးသပ်ခဲ့ပါတယ်။

?bph6