လက္စတာအသင္းသားေတြ ထိုင္းႏုိင္ငံကို သြားၿပီး အသင္းပိုင္ရွင္ စ်ာပန တက္ေရာက္

0
443

လက္စတာ အသင္း ကစားသမားေတြဟာ ရဟတ္ယာဥ္ပ်က္က်မႈေၾကာင့္ ေသဆံုးသြားတဲ့ အသင္းပိုင္ရွင္ ဗီခ်ိဳင္း ဆရီဗက္ဒနာပရာဘာရဲ႕ စ်ာပနာကို တက္ေရာက္ဖုိ႔အတြက္ ထုိင္းႏုိင္ငံကို ေရာက္ရွိေနပါတယ္။

တုိက္စစ္မွဴး ဂ်ိန္းဗာဒီ အပါအဝင္ အသင္းေခါင္းေဆာင္ ေမာ္ဂန္ဦးေဆာင္ၿပီး ကစားသမားေတြဟာ အသင္းပိုင္ရွင္ ဗီခ်ိဳင္းရဲ႕ စ်ာပန က်င္းပတဲ့ ဘန္ေကာက္ၿမိဳ႕ရွိ ဘုရားေက်ာင္းကို ေရာက္ရွိခဲ့ပါတယ္။ ဗီခ်ိဳင္းရဲ႕ စ်ာပနာကို ဗုဒၶဘာသာ အစဥ္လာအတုိင္း က်င္းပမွာ ျဖစ္ပါတယ္။

ဗီခ်ဳိင္းရဲ႕ စ်ာပနာအခမ္းကို ႏိုဝင္ဘာ ၃ ရက္ေန႔က စတင္ခဲ့ပါတယ္။ ဗီခ်ိဳင္းဟာ ေအာက္တုိဘာ ၂၇ ရက္ေန႔မွာ အသင္းရဲ႕ ကိုယ္ပိုင္ရဟတ္ယာဥ္နဲ႔ အိမ္ျပန္ခ်ိန္ ကြင္းအနီးမွာ ပ်က္က်သြားခဲ့လုိ႔ တျခား လူ ၄ ဦးနဲ႔အတူ ေသဆံုးသြားခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လက်စတာအသင်းသားတွေ ထိုင်းနိုင်ငံကို သွားပြီး အသင်းပိုင်ရှင် ဈာပန တက်ရောက်

လက်စတာ အသင်း ကစားသမားတွေဟာ ရဟတ်ယာဉ်ပျက်ကျမှုကြောင့် သေဆုံးသွားတဲ့ အသင်းပိုင်ရှင် ဗီချိုင်း ဆရီဗက်ဒနာပရာဘာရဲ့ ဈာပနာကို တက်ရောက်ဖို့အတွက် ထိုင်းနိုင်ငံကို ရောက်ရှိနေပါတယ်။

တိုက်စစ်မှူး ဂျိန်းဗာဒီ အပါအဝင် အသင်းခေါင်းဆောင် မော်ဂန်ဦးဆောင်ပြီး ကစားသမားတွေဟာ အသင်းပိုင်ရှင် ဗီချိုင်းရဲ့ ဈာပန ကျင်းပတဲ့ ဘန်ကောက်မြို့ရှိ ဘုရားကျောင်းကို ရောက်ရှိခဲ့ပါတယ်။ ဗီချိုင်းရဲ့ ဈာပနာကို ဗုဒ္ဓဘာသာ အစဉ်လာအတိုင်း ကျင်းပမှာ ဖြစ်ပါတယ်။

ဗီချိုင်းရဲ့ ဈာပနာအခမ်းကို နိုဝင်ဘာ ၃ ရက်နေ့က စတင်ခဲ့ပါတယ်။ ဗီချိုင်းဟာ အောက်တိုဘာ ၂၇ ရက်နေ့မှာ အသင်းရဲ့ ကိုယ်ပိုင်ရဟတ်ယာဉ်နဲ့ အိမ်ပြန်ချိန် ကွင်းအနီးမှာ ပျက်ကျသွားခဲ့လို့ တခြား လူ ၄ ဦးနဲ့အတူ သေဆုံးသွားခဲ့ပါတယ်။

?bph6