
0
652




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တရုတ်နဲ့ ဂျပန်တို့ ဘဏ္ဍာရေးနဲ့ ကုန်သွယ်ရေးပိုင်း ကောင်းမွန်အောင်လုပ်ဖို့ သဘောတူ

တရုတ်နဲ့ ဂျပန်နိုင်ငံတို့ဟာ ဘဏ္ဍာရေးနဲ့ ကုန်သွယ်ရေးပိုင်း ပိုမိုကောင်းမွန်အောင် ပူးပေါင်းဆောင်ရွက်ရေးအတွက် သဘောတူညီမှု ရခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ တရုတ်နိုင်ငံဆီကို ချစ်ကြည်ရေး သွားရောက်ချိန်အတွင်း အခုလိုမျိုး သဘောတူညီမှု ရခဲ့တာပါ။

ဝန်ကြီးချုပ် အာဘေးဟာ ၇ နှစ်အတွင်း တရုတ်နိုင်ငံကို သွားရောက်တဲ့ ပထမဆုံးဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး တရုတ်ဝန်ကြီးချုပ်နဲ့ ဂျပန်ဝန်ကြီးချုပ်တို့ဟာ အပြန်လှန်ဆက်ဆံရေးနဲ့ အပြန်လှန်ကုန်သွယ်ရေးပိုင်း ပိုမိုကောင်းမွန်အောင်လုပ်ဖို့ ကတိပြုခဲ့ပါတယ်။