0
110
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ဆန္ဒပြတဲ့ အမျိုးသမီးငယ် ငါးဦးကို အီရန် အစိုးရ ထောင်ဒဏ်ချမှတ်
ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ဆန္ဒထုတ်ခဲ့တဲ့ အမျိုးသမီးငယ် ငါးဦးကို အီရန်အစိုးရက ထောင်ဒဏ် ချမှတ်လိုက်ပါတယ်။
သူတို့ထဲက သုံးဦးဟာ တီဟီရန်မြီု့ရှိ ဒါနက်ရှ်ဂျူးပန်းခြံရှေ့မှာ ဆန္ဒပြပွဲမှာ ပါဝင်တဲ့အတွက် အဖမ်းခံရတာ ဖြစ်ပြီး ကွာချတ် အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။ ထောင်ဒဏ်ချမှတ်ပြီးနောက် သူတို့ ငါးဦးကို တီဟီရန်ရှိ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အီဗင် အကျဉ်းထောင်ကို လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ပါတယ်။
ယက်စမန် အာယာနီ၊ အာဇာ ဟေဒရီနဲ့ ဆာဘာ ကော့ အက်ဖ်ရှ်ရီတို့က ထောင်ဒဏ် တစ်နှစ်စီ၊ နီလိုဖာ ဟိုမာဖာနဲ့ မိုဒက်ဂျ် ရာဂျဘီတို့က ထောင်ဒဏ် ခြောက်လစီ ဖြစ်ပါတယ်။ ယက်စမန် အာယာနီ (၂၃ နှစ်) ဟာ ရဲတွေက တွန်းလှဲလို့ လဲကျသွားတဲ့ အဘွားအိုကို ကူညီပေးနေစဉ် အဖမ်းခံရတာ ဖြစ်ပါတယ်။
?bph6