အာဆီယံ ကာကြယ္ေရးဝန္ႀကီးေတြ တ႐ုတ္နဲ႔ ပူးတြဲ ေရေၾကာင္း စစ္ေရးေလက်င့္ဖုိ႔ သေဘာတူ

0
128

အာဆီယံ ကာကြယ္ေရးဝန္ႀကီးေတြဟာ စကၤာပူႏုိင္ငံမွာ ေတြ႕ဆုံခဲ့ၾကၿပီး တ႐ုတ္နဲ႔အတူ ပူးတြဲၿပီး ေရေၾကာင္းစစ္ေရး ေလ့က်င့္မႈတစ္ခုကို ျပဳလုပ္ဖို႔ သေဘာတူခဲ့ၾကပါတယ္။

အာဆီယံနိုင္ငံေတြက အဲဒီလိုမ်ိဳး စစ္ေရး ေလ့က်င့္မႈလုပ္မယ္ဆိုတာ ပထမဦးဆုံးအႀကိမ္ျဖစ္ၿပီး ေဆြးေႏြးပြဲ အတြင္းမွာ ဝန္ႀကီးေတြဟာ ေတာင္ တ႐ုတ္ပင္လယ္တြင္း တ႐ုတ္ရဲ႕ စစ္ဘက္ဆိုင္ရာ လုပ္ကိုင္လႈပ္ရွားမႈေတြနဲ႔ ဆက္ႏႊယ္တဲ့ကိစၥေတြကို ေဆြးေႏြးခဲ့ၾကၿပီးတဲ့ေနာက္ ပူးတြဲေၾကညာခ်က္တစ္ေစာင္ကို လက္မွတ္ေရးထိုးခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ဝန္ႀကီးေတြ လြတ္လပ္စြာေလေၾကာင္းနဲ႔ ေရေၾကာင္းသြားလာမႈေတြကို ထိန္းသိမ္းနိုင္ဖို႔ဟာ အေရးႀကီးတယ္ ဆိုတာနဲ႔ အျငင္းပြားမႈေတြျဖစ္ေနတဲ့ ေရပိုင္နက္တြင္း ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရးတို႔ဟာလည္း အေရးႀကီး တယ္ဆိုတာကို ထပ္မံအတည္ျပဳခဲ့ၾကပါတယ္။

လာမယ့္ႏွစ္မွာ အလားတူစစ္ေရးေလ့က်င့္မႈမ်ိဳးကို အေမရိကန္ျပည္ေထာင္စုနဲ႔ လုပ္ဖို႔ကိုလည္း ဝန္ႀကီးေတြ ဆုံးျဖတ္ခဲ့ၾကပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>

အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေ တရုတ်နဲ့ ပူးတွဲ ရေကြောင်း စစ်ရေးလေကျင့်ဖို့ သဘောတူ

အာဆီယံကာကွယ်ရေးဝန်ကြီးတွေဟာ စင်္ကာပူနိုင်ငံမှာ တွေ့ဆုံခဲ့ကြပြီး တရုတ်နဲ့အတူ ပူးတွဲပြီး ရေကြောင်းစစ်ရေးလေ့ကျင့်မှုတစ်ခုကို ပြုလုပ်ဖို့ သဘောတူခဲ့ကြပါတယ်။

အာဆီယံနိုင်ငံတွေက အဲဒီလိုမျိုး စစ်ရေး လေ့ကျင့်မှုလုပ်မယ်ဆိုတာ ပထမဦးဆုံးအကြိမ်ဖြစ်ပြီး ဆွေးနွေးပွဲ အတွင်းမှာ ဝန်ကြီးတွေဟာ တောင် တရုတ်ပင်လယ်တွင်း တရုတ်ရဲ့ စစ်ဘက်ဆိုင်ရာ လုပ်ကိုင်လှုပ်ရှားမှုတွေနဲ့ ဆက်နွှယ်တဲ့ကိစ္စတွေကို ဆွေးနွေးခဲ့ကြပြီးတဲ့နောက် ပူးတွဲကြေညာချက်တစ်စောင်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဝန်ကြီးတွေ လွတ်လပ်စွာလေကြောင်းနဲ့ ရေကြောင်းသွားလာမှုတွေကို ထိန်းသိမ်းနိုင်ဖို့ဟာ အရေးကြီးတယ် ဆိုတာနဲ့ အငြင်းပွားမှုတွေဖြစ်နေတဲ့ ရေပိုင်နက်တွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတို့ဟာလည်း အရေးကြီး တယ်ဆိုတာကို ထပ်မံအတည်ပြုခဲ့ကြပါတယ်။

လာမယ့်နှစ်မှာ အလားတူစစ်ရေးလေ့ကျင့်မှုမျိုးကို အမေရိကန်ပြည်ထောင်စုနဲ့ လုပ်ဖို့ကိုလည်း ဝန်ကြီးတွေ ဆုံးဖြတ်ခဲ့ကြပါတယ်။

?bph6