
0
126




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အေစီမီလန် ပိုင်ရှင်ဟောင်းကို တရုတ်အစိုးရ အမည်ပျက်စာရင်း သွင်း

တရုတ် အာဏာပိုင်တွေဟာ ဥရောပနာမည်ကြီး အေစီမီလန် အသင်းပိုင်ရှင်ကို အမည်ပျက်စာရင်း သွင်း လိုက်ပါတယ်။

အေစီမီလန် အသင်းပိုင်ရှင်ဟောင်း လီယောင်ဟွန်ဟာ ပေးဖို့ကျန်ရှိတဲ့ အမေရိကန် ဒေါ်လာ သန်းနဲ့ချီတဲ့ အကြွေး တွေကို မပေးဆပ်တာကြောင့် တရုတ်အစိုးရက ယုံကြည်မှုပျက်ယွင်းတဲ့ အမည်ပျက်စာရင်း သွင်းခဲ့တာဖြစ် တယ်လို့ တရုတ်တရားရုံးက ပြောပါတယ်။ လီဟာ ၂၀၁၇ ခုနှစ် ချန်ပီယံဟောင်း အေစီမီလန်အသင်းကို ပိုင်ရှင်ဖြစ်တဲ့ အီတလီ ဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီဆီကနေ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အသင်းဟာ မျှော်လင့်သလောက် အောင်မြင်မှုမရခဲ့ဘဲ နောက်ပိုင်းမှာ ပိုင်ရှင် လီဟာ အသင်းကို ပြန်ရောင်းချခဲ့ရပါတယ်။

?bph6