ဆော်ဒီ ကောင်စစ်ဝန်ရုံးကို ဒုတိယအကြိမ် ရှာဖွေ၊ ပြင်သစ်နဲ့ ဒတ်ခ်ျက ခရီးစဉ်တွေ ဖျက်သိမ်း
0
123
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ဆော်ဒီ ကောင်စစ်ဝန်ရုံးကို ဒုတိယအကြိမ် ရှာဖွေ၊ ပြင်သစ်နဲ့ ဒတ်ချ်က ခရီးစဉ်တွေ ဖျက်သိမ်း
ဆော်ဒီ ဂျာနယ်လစ် ဂျမယ် ခါရှော့ဂီ ပျောက်ဆုံးမှုနဲ့ ပတ်သက်လို့ တူရကီအစိုးရက အစ္စတန်ဘူမြို့မှာရှိတဲ့ ဆော်ဒီအာရေဗျ ကောင်စစ်ဝန်ရုံးကို ဒုတိယအကြိမ် ထပ်မံ ရှာဖွေခဲ့ပါတယ်။ ပြင်သစ်နဲ့ ဒတ်ချ် ဘဏ္ဍာရေး ဝန်ကြီးတွေကလည်း ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့မှာ ကျင်းပမယ့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး ခရီးစဉ်တွေကို ဖျက်သိမ်းလိုက်ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကလည်း တူရကီနဲ့ ဆော်ဒီ ခေါင်းဆောင်တွေနဲ့ သွားရောက် တွေ့ဆုံခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွန်ပီယိုရဲ့ အစီရင်ခံစာကို စောင့်ဆိုင်းနေတယ်လို့ ပြောပါတယ်။
အမေရိကန်မှာ နေထိုင်ပြီး ဝါရှင်တန်ပို့စ် သတင်းစာ ပင်တိုင်ဆောင်းပါးရှင် ခါရှော့ဂီဟာ ကောင်စစ်ဝန်ရုံးထဲမှာ အသတ်ခံရပြီး အလောင်းကို သယ်သွားပြီလို့ ယုံကြည်ရကြောင်း တူရကီ အရာရှိတွေက ပြောပါတယ်။