
0
111




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မင်းသား ဟယ်ရီနဲ့ မီဂန် မာကယ်လ်တို့ သြစတြေးလျ ရောက်ရှိ

သြစတြေးလျနဲ့ တောင် ပစိဖိတ်ကို ၁၆ ရက်ကြာ ခရီးစဉ်အဖြစ် ဗြိတိန် တော်ဝင်မင်းသား ဟယ်ရီနဲ့ မီဂန် မာကယ်လ်တို့ ဒီနေ့ အောက်တိုဘာ ၁၅ ရက်နေ့မှာ သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီလေဆိပ်ကို ရောက်ရှိလာပါတယ်။

ဆာဆက် မြို့စားနဲ့ မြို့စားကတော်တို့ရဲ့ ခရီးစဉ်ဟာ သူတို့ လက်ထပ်ပြီးနောက် ပထမဆုံး နိုင်ငံတကာ ခရီးစဉ် ဖြစ်ပါတယ်။ လေဆိပ်ထဲက ထွက်လာတဲ့ မင်းသား ဟယ်ရီနဲ့ အမေရိကန် သရုပ်ဆောင်ဟောင်း မာကယ်လ်တို့ဟာ ပုံမှန်ပဲ ဝတ်စားဆင်ယင်ထားပြီး လက်ချင်းချိတ်ထားခဲ့ကြပါတယ်။

နယူးဆောက်သ်ဝေးလ် ပြည်နယ် ဝန်ကြီးချုပ် ဂလက်ဒီ ဘာရက်ဂျီကလန်က တော်ဝင် အလည်အပတ်ဟာ ဗြိတိန်နဲ့ သြစတြေးလျ နှစ်နိုင်ငံကို အကျိုးရှိစေမယ်လို့ ပြောပါတယ်။