ဟိမဝႏၱာမုန္တိုင္းေၾကာင့္ ေတာင္တက္သမား ကိုးဦး ေသဆံုး

0
1064

ဟိမဝႏၱာေတာင္၊ ဂူရပ္ဂ်္ ေတာင္ထိပ္မွာ ခ်ထားတဲ့စခန္းကို ျပင္းထန္တဲ့မုန္တိုင္း ဝင္ေရာက္တိုက္ခတ္သြားလုိ႔ ေတာင္တက္သမား ကိုးဦး ေသဆံုးသြားခဲ့ပါတယ္။

ေသဆံုးတဲ့ ေတာင္တက္သမား ငါးဦးက ေတာင္ကိုရီးယားႏိုင္ငံသားေတြျဖစ္ၿပီး က်န္ေလးဦးက နီေပါႏိုင္ငံသား ေတာင္တက္လမ္းျပေတြ ျဖစ္ပါတယ္။ ေသဆံုးသူေတြဟာ အ႐ိုးက်ိဳးတာ၊ ဦးေခါင္းမွာ ထိခိုက္မိတာေတြေၾကာင့္ ေသဆံုးရတာ ျဖစ္ပါတယ္။

မုန္တိုင္းေၾကာင့္ ေတာင္ထိပ္အျမင့္ေပၚက ေရခဲနဲ႔ ႏွင္းေတြ စခန္းေပၚကို က်ေရာက္ခဲ့တာ ျဖစ္ပံုရတယ္လို႔ ကယ္ဆယ္ေရးလုပ္သား ဆူရပ္ဂ်္ ပါဒူယ္က ေျပာပါတယ္။ ေသဆံုးသူေတြထဲမွာ စံခ်ိန္တင္ ကိုရီးယား ေတာင္တက္သမား ကင္ ခ်န္ဟိုလည္း ပါဝင္ၿပီး သူဟာ ၂၀၁၃ ခုႏွစ္တုန္းက ကမာၻ႔ ၁၄ ခုေျမာက္ အျမင့္ဆံုးေတာင္ကို ေအာက္ဆီဂ်င္မသံုးဘဲ အျမန္ဆံုးတက္ေရာက္ၿပီး စံခ်ိန္တင္ထားသူ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဟိမဝန္တာမုန်တိုင်းကြောင့် တောင်တက်သမား ကိုးဦး သေဆုံး

ဟိမဝန္တာတောင်၊ ဂူရပ်ဂျ် တောင်ထိပ်မှာ ချထားတဲ့စခန်းကို ပြင်းထန်တဲ့မုန်တိုင်း ဝင်ရောက်တိုက်ခတ်သွားလို့ တောင်တက်သမား ကိုးဦး သေဆုံးသွားခဲ့ပါတယ်။

သေဆုံးတဲ့ တောင်တက်သမား ငါးဦးက တောင်ကိုရီးယားနိုင်ငံသားတွေဖြစ်ပြီး ကျန်လေးဦးက နီပေါနိုင်ငံသား တောင်တက်လမ်းပြတွေ ဖြစ်ပါတယ်။ သေဆုံးသူတွေဟာ အရိုးကျိုးတာ၊ ဦးခေါင်းမှာ ထိခိုက်မိတာတွေကြောင့် သေဆုံးရတာ ဖြစ်ပါတယ်။

မုန်တိုင်းကြောင့် တောင်ထိပ်အမြင့်ပေါ်က ရေခဲနဲ့ နှင်းတွေ စခန်းပေါ်ကို ကျရောက်ခဲ့တာ ဖြစ်ပုံရတယ်လို့ ကယ်ဆယ်ရေးလုပ်သား ဆူရပ်ဂျ် ပါဒူယ်က ပြောပါတယ်။ သေဆုံးသူတွေထဲမှာ စံချိန်တင် ကိုရီးယား တောင်တက်သမား ကင် ချန်ဟိုလည်း ပါဝင်ပြီး သူဟာ ၂၀၁၃ ခုနှစ်တုန်းက ကမ္ဘာ့ ၁၄ ခုမြောက် အမြင့်ဆုံးတောင်ကို အောက်ဆီဂျင်မသုံးဘဲ အမြန်ဆုံးတက်ရောက်ပြီး စံချိန်တင်ထားသူ ဖြစ်ပါတယ်။