
0
55




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗီယက်နမ် နှစ်ဦးကို ကျားသေတွေနဲ့ ထိုင်းမှာ ဖမ်းမိ

ဗီယက်နမ်နိုင်ငံကို ခိုးသွင်းမယ့် ကျားသေတွေနဲ့ ဗီယက်နမ်နှစ်ဦးကို ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ဒီနေ့ အောက်တိုဘာလ ၁၁ ရက်နေ့က ဖမ်းမိခဲ့ပါတယ်။

ဗီယက်နမ် နှစ်ဦးဖြစ်တဲ့ လီဘင် (၄၀ နှစ်) နဲ့ ငုယင် ဗန် သွန် (၂၉ နှစ်) တို့ဟာ ပစ်ဆန်နလွတ် ခရိုင်ရှိ ကားဂိတ်မှာ အကာအကွယ်ပေးထားတဲ့ ကျားသေတွေနဲ့အတူ ဖမ်းမိခဲ့တာ ဖြစ်တယ်လို့ ထိုင်းရဲက ပြောပါတယ်။

သူတို့နှစ်ဦးဟာ ထိုင်းအနောက်မြောက်ပိုင်း တာ့ခ်ခရိုင်ကနေ အရှေ့မြောက်ပိုင်းခရိုင်ဖြစ်တဲ့ မုခ်ဒါဟန်ကို ခရီးသွားနေကြတာ ဖြစ်ပါတယ်။ ကျားသေတွေရဲ့ အသားခြောက်တွေနဲ့ အရိုးတွေကို အိတ်တွေထဲမှာ ထည့်ပြီး သယ်လာခဲ့တာ ဖြစ်ပါတယ်။

?bph6