
0
63




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

10 ဒီနှစ်ကုန်မှာ အရီယာနာ ဂရန်ဒီ သီချင်းအယ်လ်ဘမ်သစ် ထွက်မယ်

ကမ္ဘာကျော် အဆိုတော် အရီယာနာ ဂရန်ဒီဟာ ဒီနှစ်ကုန်မှာ သီချင်း အယ်လ်ဘမ်သစ် ထွက်နိုင်ဖို့ စီစဉ်နေပါတယ်။

အရီယာနာ ဂရန်ဒီရဲ့ စတုတ္ထမြောက် အခွေဖြစ်တဲ့ No Tears Left To Cry အခွေဟာ အောင်မြင်ခဲ့ပြီးနောက် ဒီအခွေသစ်ဟာလည်း အောင်မြင်ဖို့ မျှော်လင့်ထားပါတယ်။ ဒီလအစောပိုင်းမှာ အရီယာနာက သီချင်းသစ်တွေအတွက် အလုပ်များနေတယ်လို့ လူမှုကွန်ရက် တွစ်တာမှာ အရိပ်အမြွက် ရေးသားခဲ့ပါတယ်။

တွစ်တာမှာ တင်ခဲ့တဲ့ အရီယာနာရဲ့ ဗီဒီယိုဖိုင်တစ်ခုမှာ နောက်ခံက သီချင်းသစ် ဆိုနေသံကို ကြားခဲ့ကြပါတယ်။ အောက်ကစာမှာတော့ ‘ဂီတဟာ အကောင်းဆုံး ဆေးဝါးပဲ’ လို့ ရေးသားထားပါတယ်။

?bph6