
0
67




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
လစ်ဗျား အနောက်ပိုင်းမှာ လူ ၇၅ ဦးကို မြှုပ်နှံထားတာ တွေ့ရှိ

အစ္စလာမ် ဂျီဟတ်ဝါဒီတွေ အခြေစိုက်ခဲ့တဲ့ လစ်ဗျား အနောက်ပိုင်း၊ ဆာတေမြို့မှာ လူပေါင်း ၇၅ ဦးကို မြှုပ်နှံ့ထားတဲ့ နေရာကို တွေ့ရှိခဲ့ပါတယ်။

ဆာတေမြို့ အနောက်ဘက် အယ်လ် ဒါဟီယာရှိ စိုက်ပျိုးရေး ဧရိယာထဲမှာ အခုလို အစုလိုက်အပြုံလိုက် မြှုပ်နှံထားတာ တွေ့ရှိရတာ ဖြစ်တယ်လို့ ဆာတေ စည်ပင်သာယာရေး ပြောခွင့်ရှိသူ မိုဟာမက် အယ်လ် အမီယယ်က ပြောပါတယ်။

ရုပ်အလောင်း ၇၅ ခု တွေ့ရှိရပြီး အကြမ်းဖက် အဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းတွေ ဖြစ်နိုင်ကြောင်း၊ ဒါပေမယ့် အတည်မပြုနိုင်ကြောင်း အမီယယ်က ပြောပါတယ်။

?bph6