
0
106





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အစွန်းရောက်မှုကို တားဆီးဖို့ ဟာလာလုပ်ထားတဲ့ ထုတ်ကုန်တွေကို တရုတ် ဆန့်ကျင်

တရုတ်နိုင်ငံမှာ အူဂါ၊ ကာဇက်၊ ကာဂျစ်နဲ့ ဟွီ မွတ်စလင်တွေ နေထိုင်တဲ့ ရှင်ကျန်ဒေသ အနောက်မြောက်ဖက်အတွင်း အစွန်းရောက်ဝါဒ မြင့်တက်မှုနဲ့ လောကီ အသိုင်းအဝိုင်းအတွင်း အစ္စလာမ်အယူ ထိုးဖောက်ဝင်ရောက်မှုကို တားဆီးဖို့ ဟာလာလုပ်ထားတဲ့ ထုတ်ကုန်တွေကို ဆန့်ကျင်ရေး တရုတ်အာဏာပိုင်တွေက လှုံ့ဆော်နေပါတယ်။

ဟာလာဆိုတာ အစ္စလာမ်ဘာသာအရ မွတ်စလင်တွေ အသုံးပြုဖို့စည်းကမ်း သတ်မှတ်ထားတဲ့အတိုင်း လုပ်ဆောင်ထားတဲ့ အစားအစာနဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

ရှင်ကျန်ဒေသ အနောက်မြောက်ဖက်မှာ ခွဲထွက်ရေး အင်အားစုတွေကို ဘေဂျင်းအစိုးရက လုံခြုံရေးတပ်ဖွဲ့တွေနဲ့ နှိမ်နင်းမှုတွေ မကြားသေးခင် နှစ်ကစပြီး လုပ်ဆောင်ခဲ့ပါတယ်။ ကုလသမဂ္ဂကတော့ အဲဒီဒေသမှာ ဥပဒေမဲ့နဲ့ နိုင်ငံရေးအရ ပညာပေးဖို့ စခန်းသွင်းထားတဲ့ မွတ်စလင် ၁ သန်းကျော် ရှိတယ်လို့ ပြောဆိုထားပါတယ်။