
0
287




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မိုနာကိုအသင်း နည်းပြဖြစ်ဖို့ အာဆင်နယ် တိုက်စစ်မှူးဟောင်း ဟင်နရီ ရေပန်းစား

အာဆင်နယ် တိုက်စစ်မှူးဟောင်း ဟင်နရီဟာ မိုနာကိုနည်းပြ ဂျာဒင်နေရာမှာ အစားထိုးခန့်အပ်ခံရဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

မိုနာကို အသင်းဟာ မျှော်လင့်သလောက် ရလဒ်မကောင်းဘဲ အမှတ်ပေးဇယား အောက်ဆုံးနားမှာ ရှိနေတာကြောင့် အသင်းတာဝန်ရှိသူတွေဟာ နည်းပြ ဂျာဒင်ကို ရာထူးကနေ ထုတ်ပယ်ဖွယ် ရှိပါတယ်။ မိုနာကို အသင်းဟာ လက်ရှိမှာ ဂျာဒင်နေရာကို အစားထိုးဖို့ နည်းပြသစ် ရှာဖွေနေပါတယ်။

ဟင်နရီဟာ အက်စတွန်ဗီလာ နည်းပြရာထူးအတွက်လည်း ရေပန်းစားခဲ့သူ ဖြစ်ပါတယ်။ ဂျာဒင်ဟာ မိုနာကို အသင်းကို ၂၀၁၇ ခုနှစ်က ပြင်သစ်ဖလား ရအောင် စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။

?bph6